အားလုံးကို ဒီကနေ့ပဲ ကွာရန်တင်းစင်တာကို ပို့ဆောင်သွားမှာပါ။

သြဂုတ်လ ၂၈ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်တွင် လူနာအမှတ် ၅၉၅ အဖြစ်ပါဝင်လာတဲ့ သင်္ဃန်းကျွန်းမှာနေထိုင်သူ အသက် ၄၀ အရွယ်အမျိုးသမီးဟာ ရပ်ကွက်ထဲတွင် ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး သူနဲ့အတူနေထိုင်သူတွေထဲမှာလည်း ဆိုက်ကားနင်းသူတွေ၊ တက္ကစီဆွဲသူတွေ ပါဝင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

" သူတို့မိသားစုက အဝတ်လျှော်တဲ့လူနဲ့၊ ဆိုက်ကားနင်းတဲ့လူနဲ့၊ တက္ကစီဆွဲတဲ့လူနဲ့ ပေါ့‌လေ။ တစ်အိမ်ထဲမှာကို စုပြီးနေတာ။ မိသားစု ၃ စုလောက်ရှိတယ်။ တစ်စုတည်းနေသူ အားလုံးပေါင်း ၂၈ ယောက်ကို ကွာရန်တင်းစင်တာပို့မှာပေါ့နော်" လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင် ဒေါက်တာ ကျော်စွာဦးက သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ Duwun ကို ပြောပါတယ်။



လူနာဟာ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေး ၅ လမ်းနဲ့ ၆ လမ်းကြားမှာ နေထိုင်သူဖြစ်ပြီး နေမကောင်းဖြစ်လို့ ၂၆ ရက်နေ့မှာ စံပြဆေးရုံကို ပြသရာကနေ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"သူက ချောင်းဆိုးတယ်၊ ဖျားတယ်။ အဲဒီတော့ စံပြဆေးရုံကို လာပြတယ်။ စံပြဆေးရုံကလည်း သံသယအနေနဲ့ သတ်မှတ်ပြီးတော့ သူ့ကို စောင့်ကြည့်လူနာအဖြစ်ထားပြီးတော့ swab ယူလိုက်တာ‌ပေါ့။ မနေ့ကညမှာ Positive ထွက်တာပေါ့" လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

လူနာအမှတ် ၅၉၅ ဟာ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်း မရှိပါဘူး။

ရန်ကုန်မြို့မှာ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်းမရှိဘဲ ရောဂါပိုးတွေ့ရှိသူက သြဂုတ်လ ၂၇ ရက်ညအထိ ၃ ဦးထက်မနည်းရှိနေပါပြီ။ သြဂုတ်လ ၂၇ ရက်နေ့ညထုတ်ပြန်ချက်မှာပါတဲ့ သင်္ဃန်းကျွန်းမှ လူနာအမှတ် ၅၉၅ ၊ သြဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်က တောင်ဒဂုံက လူနာအမှတ် ၅၈၄၊ သြဂုတ်လ ၂၅ ရက်ညက တွေ့ရှိတဲ့ လူနာအမှတ် ၄၇၇ (လွန်ခဲ့တဲ့ တစ်လခန့်ကစပြီး တောင်ကြီးမှ ရန်ကုန်ကို ရောက်ရှိနေသူ) တို့ဟာ အတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိသလို ပြည်ပနဲ့ ရခိုင်သို့ ခရီးသွားရာဇဝင်များ မရှိကြပါဘူး။

Share

Loading Next Article...
က္က