၂၈ ဦးနဲ့ ပတ်သက်တဲ့အချက်အလက်များကိုတော့ မသိရသေးပါဘူး။
Mi Thawdar Aung

စက်တင်ဘာလ ၁၉ ရက်ည ၈ နာရီနဲ့ ၂၀ ရက်နေ့မနက် ၈ နာရီထုတ်ပြန်ချက်နှစ်ခုမှာတွေ့ရှိတဲ့ ကိုဗစ်လူနာသစ် စုစုပေါင်း ၆၄၂ ဦးမှာ သင်္ဃန်းကျွန်းမှ ၈၀ ဦးပါဝင်တယ်လို့ ယနေ့ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဆိုပါ ပိုးတွေ့လူနာ ၈၀ ဦးမှာ ၅၁ ဦးက ကွာရန်တင်းစင်တာတစ်ခုတည်းက ဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဗင် ဒေါက်တာ ကျော်စွာဝင်းက Duwun ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကွာရန်တင်းစင်တာ ၂ မှာတော့ ၅၁ ယောက်တွေ့တယ်။ အဲဒါက တစ်နေရာတည်းကတော့ မဟုတ်ဘူးဗျ။ အကုန်လုံးက မိသားစုတွေဖြစ်နေတာ။ သူ့မိသားစု ကိုယ့်မိသားစု ရပ်ကွက်တွေတော့ မတူဘူးပေါ့လေ။ တစ်ယောက်တည်း သီးသန့်တွေတော့ မဟုတ်ဘူး။ ပေါ့စစ်တစ်ထွက်လို့ (မိသားစုဝင်တွေကို) ကွာရန်တင်းထည့်ထားတဲ့သူတွေထဲမှာ သွားတွေ့တာ" လို့ ဒေါက်တာ ကျော်စွာဝင်းက ဆိုပါတယ်။

တစ်ဦးကတော့ ကွာရန်တင်းစင်တာ ၂ ကဖြစ်ပြီး Negative တစ်ကြိမ်ပြသူ ၂၂ ဦးကို ထပ်မံစစ်ဆေးရာမှာတစ်ဦးမှာ Positive ဖြစ်နေခြင်းလို့ သိရပါတယ်။

ကျန် ၂၈ ဦးနဲ့ ပတ်သက်တဲ့ အချက်အလက်များကိုတော့ မသိရသေးဘဲ လိုက်လံရှာဖွေနေတုန်းပဲလို့ ဒေါက်တာ ကျော်စွာဝင်းက ပြောပါတယ်။ "ကျန်တဲ့သူတွေကို လိုက်နေပါတယ်။ တချို့ကျတော့လည်း ကျနော်ဆီမှာ ကွာရန်တင်းထားတာမဟုတ်ဘဲ တခြားနေရာတွေ ရောက်နေတာတွေရှိတယ်" လို့ သူက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြိုန့ယ်မှာ ကွာရန်တင်းစင်တာ နှစ်ခုရှိပြီး ကွာရန်တင်းစင်တာ ၁ က ဆောက်လုပ်ရေးသင်တန်းကျောင်းဖြစ်ကာ ၆၇ ဦးထားရှိနိုင်ပြီး ကွာရန်တင်းစတင်တာ ၂ က သင်္ဃန်းကျွန်း ပညာရေးကောလိပ် ဖြစ်ကာ လူ ၂၀၀ ကျော် ထားလို့ရတယ်လို့ သိရပါတယ်။

အဆိုပါကွာရန်တင်းစင်တာတွေမှာလည်း လူပြည့်လုနီးပါးဖြစ်နေတဲ့အတွက် လူတစ်ရာကျော် ထားနိုင်တဲ့ သုဝဏ္ဏ အထက်တန်းကျောင်းကို ပြင်ဆင်ထားတယ်လို့ ‌ဒေါက်တာကျော်စွာဦးက ဆိုပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ လက်ရှိအချိန် (စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအထိ) ပိုးတွေ့လူနာ ၄၂၀ ဦးခန့်ရှိနေပြီလို့လည်း သိရပါတယ်။


Author


က္က