သက်တမ်းလာတိုးတဲ့မော်တော်ယာဉ်တွေကိုရောင်းချတပ်ဆင်ပေးမှာပါ။
Ei Ei Htun

ရောင်ပြန်ပြားတွေကို ယာဉ်အမျိုးအစားနဲ့ အရွယ်အစားအလိုက် ဈေးနှုန်းတွေကို သတ်မှတ်ထားပြီး ရောင်ပြန်ပြား တပ်ဆင်ခြင်းတွေကို ၂နှစ်အတွင်းအပြီးဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လိုင်းစင်တိုးတဲ့ယာဉ်တွေသာမက တခြားယာဉ်တွေတပ်ဆင်ချင်ရင်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

သက်တမ်းလာတိုးတဲ့ မော်တော်ယာဉ်များကို ယခုလ စက်တင်ဘာ (၂)ရက်နေ့ကစတင်ပြီး ရောင်ပြန်ပြားများရောင်းချတပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၄)ရက်နေ့ပြုလုပ်တဲ့ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအားဏာပိုင်အဖွဲ့သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

“ ရောင်ပြန်ပြားနဲ့ ပတ်သက်ပြီး စက်တင်ဘာလ(၂)ရက်နေ့ကစပြီး စနစ်သစ်အနေနဲ့ ဆောင်ရွက်ထားတာရှိပါတယ်။ ရောင်ပြန်ပြားတပ်ရခြင်းက မော်တော်ယာဉ်သွားလာစဉ်ဖြစ်ဖြစ်၊ ရပ်နေစဉ်ဖြစ်ဖြစ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းဖို့အတွက် ရောင်ပြန်ပြားကနေညွှန်ပြနေတာမျိုးဖြစ်အောင် တပ်ဆင်ခိုင်းခြင်းဖြစ်ပါတယ်။ယာဉ်တိုက်မှုကြောင့်ဒဏ်ရာ ရရှိမှု၊သေဆုံးမှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မော်တော်ယာဉ်တိုင်းမှာ တပ်ဆင်ဖို့လိုအပ်တယ်” လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က မီဒီယာတွေကိုပြောပါတယ်။

 

ရောင်ပြန်ပြား တပ်ဆင်ခြင်းတွေကို ၂နှစ်အတွင်းအပြီးဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လိုင်းစင်တိုးတဲ့ယာဉ်တွေသာမက တခြားယာဉ်တွေတပ်ဆင်ချင်ရင်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်ကပြောပါတယ်။ ရောင်ပြန်ပြားတွေကိုလည်း ယာဉ်အမျိုးအစားအလိုက် အရွယ်အစားဈေးနှုန်းတွေကို သတ်မှတ်ထားပါတယ်။

ခရီးသည်တင်ယာဉ်များအတွက် ရောင်ပြန်ပြားတစ်စုံကို(၇၀၀၀)ကျပ်၊ ၁တန်နဲ့အထက်ယာဉ်များအတွက် ရောင်ပြန်ပြားတစ်ချပ်ကို (၆၀၀၀)ကျပ်၊ ၁တန်အထိယာဉ်တွေအတွက်(၃၀၀၀)ကျပ်၊ မော်တော်ယာဉ်ငယ် တွေနဲ့အိမ်စီးယာဉ်တွေအတွက်တစ်စုံကို (၂၀၀၀)ကျပ်နဲ့ ဆိုင်ကယ်အတွက်ရောင်ပြန်ပြားတစ်ချပ်ကို (၅၀၀ )ကျပ်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ 


က္က