လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။
Ei Ei Htun

ကလေးရဲ့မိခင်က ဦးလေးတော်စပ်သူနေအိမ်မှာ သမီးကိုပို့ဆောင်ထားတာဖြစ်ပြီး ဦးလေးဖြစ်သူဇနီးရဲ့ အသက်(၇၁)နှစ်အရွယ် ပထွေးက လူလစ်တဲ့အချိန်တိုင်းမှာ ကလေးမလေးကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ အသက်(၈)နှစ်အရွယ်မိန်းကလေးကို အသက်(၇၀) ကျော်အဖိုးအိုက အကြိမ်ကြိမ်အဓ္ဓမပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ပြန်လည်မပြောရန် အဓ္ဓမကျင့်ခံရတဲ့ ကလေးကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အမျိုးသမီးနဲ့ ကျူးလွန်သူအဘိုးအိုတို့ကို ဖမ်းဆီးအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

“ ကလေးမလေးရဲ့မိခင်က တရားလိုပြုတိုင်ကြားတာပါ။ ကလေးမလေးရဲ့အမေက ကလေးကို ဦးလေးတော်စပ်တဲ့အိမ်မှာပို့ထားတာ။ ခုကျူးလွန်တဲ့သူက ဦးလေးဖြစ်သူဇနီးရဲ့ ပထွေးက စော်ကားတာ။ သူ့ဦးလေးဇနီးက ပထွေးကို အိမ်မှာခေါ်ထားတာ။ အခုလိုပထွေးဖြစ်သူကလေးမလေးကို စော်ကားတာကိုလည်း ကလေးမလေးကပြောလို့သိတယ်။ အဲ့တာကို ကလေးမလေးကို ဘယ်သူမှပြန်မပြောဖို့ ခြိမ်းခြောက်ထားတယ်။ အခုအဖြစ်အပျက်ကို ကလေးမလေးမိခင်က သိသွားတော့ တရားလိုပြုတိုင်ကြားတဲ့အတွက် ကျူးလွန်သူ အသက်(၇၁)နှစ်အရွယ်အမျိုးသားကိုကော၊ ပြန်မပြောရန်ခြိမ်းခြောက်တဲ့ အမျိုးသမီးကိုပါ ဖမ်းဆီးအမှုဖွင့်ထားတယ်” လို့ သောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မိခင်ဖြစ်သူဟာ သမီးဖြစ်သူကို ဦးလေးဖြစ်သူရဲ့နေအိမ်ကို ကျောင်းဖွင့်ချိန်တွေမှာ အမြဲတမ်းပို့ဆောင်ထားကာ ကျောင်းပိတ်ရက်တွေမှသာ သမီးကိုအိမ်ကိုပြန်လည်ခေါ်တယ်လို့ဆိုပါတယ်။ ဘုရားသွားရန် သမီးကို သွားခေါ်ရာကနေ သမီးဖြစ်သူအပေါ့သွားစဉ် သွေးများပါလာသည်ကို မြင်တွေ့ခဲ့လို့ သမီးဖြစ်သူကိုမေးမြန်းရာမှာ အခုလိုသိရှိခဲ့တာပါ။ သမီးဖြစ်သူ အဆိုပါအိမ်မှာ ရှိနေစဉ်က ကျူးလွန်သူအဖိုးအိုက လူလစ်တဲ့အချိန်တိုင်းမှာ ကလေးကို အဓမ္မပြုကျင့်လေ့ရှိကြောင်း ကလေးရဲ့ပြောပြချက်အရသိရတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ကျုးလွန်သူအမျိုးသားနဲ့ ပြန်မပြောရန်ခြိမ်းခြောက်တဲ့အမျိုးသမီးကို သောင်ကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 


က္က