အာမခံချက်မရှိဘဲ ရောင်းချနေတာပါ။

H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများကို တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီရှိလို့ အခုလို Online မှာ တရားမဝင် ရောင်းချတဲ့သူတွေကို တရားဝင်ကိုယ်စားလှယ်က အရေးယူမယ်ဆို အရေးယူလို့ရတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( နေပြည်တော်) မှ ဆေးဝါးညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင််က ပြောပါတယ်။

photo-Hla Myint Maung

Online နှင့် Facebook Page များမှာ H1N1 ရာသီတုပ်ကွေးရောဂါ ပျောက်ဆေးများဆိုပြီး ရောင်းချနေတဲ့ ဆေးများဟာ အရည်အသွေး အာနိသင်နဲ့ စစ်မှန်မှု အာမခံမရှိတာကြောင့် သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ အသိပေးကြေညာလိုက်ပါတယ်။

“ဒီဆေးနဲ့ ပတ်သက်ပြီး တရားဝင်ကိုယ်စားလှယ်ရှိတယ်။ တရားဝင်ကိုယ်စားလှယ်ရှိတယ်ဆိုတာက တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီရှိတာကိုပြောတာပေါ့နော်။ ဒီဆေးတွေက တခြားနိုင်ငံမှာလည်း တရားမဝင်တဲ့ Source ကနေ အတုတွေပေါ်တယ်။ အခုလို တရားမဝင်တဲ့ Source က ထုတ်တဲ့ဟာဆိုတာ အာမခံချက်ရှိ၊ မရှိဆိုတာကို ဘယ်သူမှပြောလို့မရဘူး။ ကိုယ်က ဒါကို ပိုက်ဆံအကုန်အကျခံပြီးဝယ်တဲ့အခါမှာ ဘယ်နိုင်ငံကလာပြီး တရားဝင်ထုတ်ထားတဲ့ဆေးဟုတ်၊ မဟုတ်ဆိုတာက Online ကရောင်းတဲ့အတွက်ကြောင့်မို့ မသေချာဘူး။ဒါကြောင့် တခြားဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင် Online ကရောင်းတာတွေကို ဝယ်မသုံးကြဖို့ ပြည်သူတွေသိအောင် ထုတ်ပြန်တာပါ “ လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( နေပြည်တော်) မှ ဆေးဝါးညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင် Duwun ကိုပြောပါတယ်။

photo- FDA

H1N1 ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေက သချာတဲ့ source ကနေ တင်သွင်းလာတဲ့ ဆေးတွေဆို ဆရာမတို့အနေနဲ့ ဘာမှပြောစရာမလိုဘူး။ ခုကအဲလိုမဟုတ်လို့ ပြည်သူတွေကိုသတိပေးတာ။ ဒီဆေးနဲ့ ပတ်သက်ပြီး တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီရှိလို့ အခုလို Online မှာ တရားမဝင်ရောင်းချတဲ့သူတွေကို တရားဝင်ကိုယ်စားလှယ်က အရေးယူမယ်ဆို အရေးယူလို့ရတယ်လို့ ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1N1 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ (၄၀၆)ဦးရှိပြီး သေဆုံးသူ (၇၈)ဦးထိရှိကြောင်းကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Share

Loading Next Article...
က္က