ဒီကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးကွန်ရက်လည်း ဖြစ်လာခဲ့ပါတယ်။
Phyo Min Thant

မြန်မာနိုင်ငံရဲ့ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ooredoo ဟာသူ့ရဲ့ဆက်သွယ်ရေးကွန်ရက်ကို 4GLTE Turbo လို့ခေါ်တဲ့ အဆင့်အမြင့်ဆုံးနည်းပညာနဲ့ ပိုမိုမြန်ဆန်တဲ့ LTE900 အဖြစ် အဆင့်မြှင့်တင်ပေး လိုက်ပြီလို့သိရပါတယ်။

ဒီလိုအဆင့်မြှင့်တင်ပေးလိုက်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Ooredoo အသုံးပြုသူတွေဟာ တကယ့်ကိုမြန်ဆန်တဲ့ အင်တာနက်ကိုအသုံးပြုခွင့်ရကြတော့မှာပဲဖြစ်ပြီး ဒီကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးကွန်ရက်လည်း ဖြစ်လာခဲ့ပါတယ်။

4G LTE Turbo ဆိုတာက အဆင့်မြှင့်တင်ထားတဲ့ ကွန်ရက်သစ်ဖြစ်ပြီး 4G LTE Turbo တာဝါတွေဟာ ကြိမ်နှုန်းနိမ့်လှိုင်းတွေကို ထုတ်လွှင့်ပေးနိုင်တာကြောင့်အတားအဆီးတွေကို လွယ်လွယ်ကူကူဖြတ်သန်းဝင်ရောက်ပြီး အချက်အလက်တွေကိုပေးပို့နိုင်ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်တာကြောင့် အိမ်ခန်း၊ တိုက်ခန်းတွေလို အဆောက်အဦတွေထဲမှာ တောင်လိုင်းကျတာတွေ၊ လိုင်းနှေးတာမျိုးတွေကြုံရတော့မှာ မဟုတ်ပါဘူး။

နောက်ပြီး အင်တာနက်လိုင်းကလည်း ပိုမိုမြန်ဆန်လာမှာဖြစ်လို့ အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာတွေအသုံးပြုတာ၊ ဂိမ်းကစားတာ၊ အွန်လိုင်းမှာ ဗွီဒီယိုတွေတင်တာ၊ တိုက်ရိုက်ထုတ်လွှင့်တာ စတဲ့ အင်တာနက်အသုံးပြုမှုအတွေ့အကြုံတွေကို အထစ်အငေါ့မရှိ၊ လိုင်းကျတာတွေမရှိဘဲ ရရှိခံစားနိုင်စေမှာပဲ ဖြစ်ပါတယ်။

4G LTE Turbo ဟာ Ooredoo ရဲ့ယခင် 4G Plus ထက်လိုင်းဆွဲအားအရ၊ မြန်နှုန်းအရ ပိုမိုကောင်းမွန်လာမှာဖြစ်တာ ကြောင့် အသုံးပြုသူရဲ့ ဟန်းဆက်စွမ်းဆောင်ရည်နဲ့ ကွန်ရက်အနေအထားပေါ်မူတည်ပြီး မြန်နှုန်း 372 Mbps အထိရရှိနိုင်မှာ လည်းဖြစ်ပါတယ်။

Ooredoo ရဲ့ 4G LTE Turbo ကိုအသုံးပြုနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဟန်းဆက်မှာ setting တစ်ခုခုပြောင်းဖို့မလိုအပ်ဘဲ Dual Sim အသုံးပြုသူတွေဆိုရင်တော့ Ooredoo ကဒ်ကို sim 1 မှာထားမယ်ဆိုရင် လိုင်းဆွဲအားပိုမိုကောင်းမွန်မယ်လို့လည်း သိရပါတယ်။

ဒီအဆင့်မြှင့်တင်ထားတဲ့ 4G LTE Turbo ကွန်ရက်ကိုအသုံးပြုတဲ့အတွက် အသုံးပြုခစျေးနှုန်းအပိုင်းမှာလည်း တစ်စုံတစ်ရာအပြောင်းအလဲရှိမှာမဟုတ်ဘဲ ယခင်နှုန်းထားတွေအတိုင်းသာကျသင့်မယ်လို့ Ooredoo ကထုတ်ပြန် ကြေညာထားပါတယ်။

(ဒီသတင်းကို Ooredoo မှပံ့ပိုးကူညီထားပါတယ်)


Author


က္က