လေယာဉ်ပြေးဆွဲခွင့်ရပ်နားထားတာ (၆) လနီးပါးအထိ ရှိလာပါတယ်။

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်ပြေးဆွဲခွင့်ကို အောက်တိုဘာလ ၃၁ ရက်အထိ ထပ်မံရပ်နားလိုက်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဗဟိုကော်မတီက လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 မှာ ပျံသန်းပြေးဆွဲနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကိုလည်း အောက်တိုဘာလ (၁) ရက်အထိ ယာယီရပ်ဆိုင်းထားတာကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။



ဒါကြောင့် ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့ လေကြောင်းခရီးစဉ်တွေအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေတွေကြောင့် နိုင်ငံတကာခရီးသည်တင်လေယာဉ်ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်းကို ဧပြီလကတည်းက စတင်ရပ်နားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ (၆) လအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုတော့ ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်နဲ့ ပြန်လည်ခေါ်ဆောင်မှုတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အခုဆို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာသူ မြန်မာနိုင်ငံသား နှစ်သောင်းနီပါးခန့် ရှိနေပြီလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က