ဒီကနေ့က စပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

Stay at Home ကာလအတွင်းမှာ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေက မော်တော်ယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ QR ကုဒ်ပါရင် ရန်ကုန်အဝင်အထွက်ကို ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။



ဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထဲမှာ ပါဝင်တဲ့ စက်ရုံ၊အလုပ်ရုံက လုပ်ငန်းသုံးယာဉ်တွေအနေနဲ့ stay at home ကာလအတွင်းမှာ အလုပ်ကိစ္စကြောင့် မဖြစ်မနေ နယ်ကျော်သွားလာဖို့ လိုအပ်လာတဲ့အခါမှာ အဆင်ပြေအောင် အခုလို QR code system ကိုအသုံးပြုခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ အဓိကကတော့ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေအဆင်ပြေပြေလည်ပတ်နိုင်အောင်ပါ။ QR Code လုပ်ဖို့အတွက် သက်ဆိုင်ရာ စက်ရုံ ၊အလုပ်ရုံ ၊ကုမ္ပဏီတွေကိုလည်း အကြောင်းကြားပြီးသား။ အဓိကကတော့ လုပ်ငန်းသုံးမော်တော်ယာဉ်တွေအတွက်ပါပဲ။ QR code ပါမှာ ရန်ကုန်တိုင်းအတွင်း အဝင်အထွက်ခွင့်ပြုမှာပါ”လို့ UMFCCI ဒုတိယ ဥက္ကဌ ဦးမောင်မောင်လေးက Duwun ကိုပြောပါတယ်။

QR code က ရန်ကုန်တိုင်းအတွင်း အဝင်အထွက်အတွက်သာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း တစ်မြို့နယ်နဲ့ တစ်မြို့နယ် သွားလာမှုအတွက်တော့ မလိုအပ်ဘူးလို့ သိရပါတယ်။ 

“ရန်ကုန်တိုင်း အတွင်း တစ်မြိုနယ်နဲ့ တစ်မြို့နယ်မဖြစ်မနေ အလုပ်သွားရမယ့်ဝန်ထမ်းတွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်အလိုက်အသိပေးပြီး ခွင့်ပြုသွားလာနေကြတာမျိုးပဲရှိပါတယ်။ မှတ်ပုံတင်ပြီး QR code ဖြတ်ပြီးမှ သွားလာရမျိုးတော့ မြို့နယ်တွေမှာမရှိပါဘူး”လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

QR code system ကိုတော့ ဒီကနေ့ မနက် (၈)နာရီကစပြီး ရန်ကုန် အဝင်အထွက် ဂိတ်တွေမှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ ဝန်ထမ်းတွေနဲ့ ယာဉ်တွေကို ခွင့်ပြုမှာဖြစ်ပြီး ဝန်ထမ်းတစ်ဦးချင်းအလိုက်နဲ့ မော်တော်ယာဉ်တစ်စီးချင်းအလိုက် မှတ်ပုံတင်ထားဖို့လိုတယ်လို့ ဆိုပါတယ်။ မလုပ်ဆောင်ရသေးတဲ့ စက်ရုံအလုပ်ရုံက ဝန်ထမ်းတွေ မော်တော်ယာဉ်တွေအနေနဲ့လည်း အွန်လိုင်းကနေပြီး http://QRpass.SawSawShar.gov.mm မှာ ဝင်ရောက် မှတ်ပုံတင်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က