ရန်ကုန်ပြန် ၄ ဦးမှာ COVID-19 ပိုးတွေ့ရှိကြောင်းသိရှိပြီးနောက် ယခုလို ရန်ကုန်ပြန်တွေကို ပေးမဝင်ဖို့ ညွှန်ကြားစာ ထွက်လာတာဖြစ်ပါတယ်။

ပုဂံ ညောင်ဦးမြို့နယ်ကို ပြန်လာမယ့် ရန်ကုန်ပြန်တွေကို ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ကစပြီး မြို့နယ်အတွင်း ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ ခရိုင်ထွေအုပ်ကနေ ညွှန်ကြားလိုက်ပါတယ်။

ဒါကြောင့် ရန်ကုန်ကနေ ပြန်လာပြီး မြို့နယ်၊ ရပ်ကွက် ၊ကျေးရွာအတွင်း ခိုးဝင်နေထိုင်ခြင်း မပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ အကယ်၍ ခိုးဝင်နေထိုင်သူကို လက်ခံထားတာ စစ်ဆေး တွေ့ရှိပါက နေထိုင်သူနဲ့ လက်ခံသူ ကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။



"နိုင်ငံတော်အစိုးရက ရန်ကုန်မှာ စက်ရုံ အလုပ်ရုံတွေပိတ်တဲ့အတွက် ရန်ကုန်ပြန်တွေကို နယ်‌တွေကိုအလုပ်သမားတွေကိုမလွှတ်ပါနဲ့ဆိုပြီး တားမြစ်ထားတယ်။ ကျွန်တော်တို့လည်း အဲ့ဒါကြောင့် တားမြစ်လိုက်တာ။ လုံးဝလာလို့မရဘူး။ရောက်ပြီးနေရင်တော့ ပြန်လွှတ်ဖို့ကခက်သွားပြီ။ အဲဒီလိုတွေရောက်လာမှာစိုးလို့ ကြိုတင်ပြီး အသိပေးစာထုတ်လိုက်တာပါ။"လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေတဲ့အတွက်  ရန်ကုန်မှာနေထိုင်သူတွေကို အစိုးရကိုယ်တိုင်က ပြင်ပဒေသကို သွားရောက်ခွင့် တားမြစ်ထားပေမယ့်လည်း နေထိုင်သူ အချို့ဟာ လိုက်နာခြင်းမရှိဘဲ ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်မှု ရှိနေတာကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ််နိုင်ဖို့ ညောင်ဦးမြို့နယ်အတွင်း ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေကို လုံးဝ(လုံးဝ)ဝင်ရောက်နေထိုင်ခွင့် မပြုတော့ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ညောင်ဦးမြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ - Nyaung Oo IPRD

"ရွာထဲမှာ မနေ့က လိုက်ပြီး အသိပေးနေတယ်။ ရန်ကုန်ပြန်တွေလက်မခံဖို့ ၊လက်ခံရင် အရေးယူမယ် ထောင်ချမယ် ပြောတယ်။ မြို့နယ်ကကို တားမြစ်ချက်ထုတ်လိုက်တယ်လို့ ပြောတယ်။ ဒီနေ့မနက်ဆို ကျွန်တော်တို့ ဘေးက ရွာမှာ ရန်ကုန်ကပြန်လာသူ ၄ ဦးမှာ ကိုဗစ်ပိုးတွေ့တယ်။ "လို့ ညောင်ဦး မြို့နယ်၊ အနောက်အုံကျေးရွာ နေထိုင်သူတစ်ဦးကပြောပါတယ်။ 

သတ်မှတ်ချက်အနေနဲ့ ကျန်းမာရေးနှင့်အားကစား ဌာနက ၂ ပတ်အတွင်း ထုတ်ပေးထားသော (covID-19) ကင်းရှင်း ကြောင်း (Negative)ထောက်ခံချက်လက်မှတ်ပြသနိုင်တဲ့ လူတွေ၊  ညောင်ဦးမြို့နယ်ကို ဖြတ်သန်းသွားလာမယ့် ကုန်တင်ယာဉ်တွေ၊ ကျန်းမာရေး ကိစ္စရပ်နဲ့ အရေးပေါ်ကိစ္စရပ်အရ သွားလာမယ့် ယာဉ်ပေါ်ရှိ လူတွေကိုတော့ ဝင်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

 စက်တင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်မှုအရ ညောင်ဦးမြို့နယ်အတွင်းက တောင်ဇင်းတိုက်နယ်ပိုင်မှာ Quarantine ထည့်ထားတဲ့ ရန်ကုန်ပြန် ၄ ဦးမှာ COVID-19 ပိုးတွေ့ရှိကြောင်းသိရှိပြီးနောက် ယခုလို ရန်ကုန်ပြန်တွေကို ပေးမဝင်ဖို့ ညွှန်ကြားစာ ထွက်လာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုးတွေ လူနာ ၄ ဦးကိုဒီကနေ့ အနက်ပိုင်းမှာပဲ ညောင်ဦးပြည်သူ့ဆေးရုံကြီးပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီလို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က