အနံ့ပျောက်သူတွေကို ထားရှိဖို့အတွက် တောင်ဒဂုံမြိူ့နယ်ရှိ အဆောက်အဦးတစ်ခုမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ရန်ကုန်တိုင်းထဲမှာ  အနံ့ပျောက်လူနာအရေအတွက် များလာတာ‌‌ကြောင့် နေရာတစ်ခု သီးခြားထားပြီး စောင့်ကြည့်စစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ 

တိုင်းအတွင်းက အနံ့ပျောက်သူတွေကို ထားရှိဖို့အတွက် တောင်ဒဂုံမြိူ့နယ်ရှိ အဆောက်အဦးတစ်ခုမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်းနဲ့ ပြင်ဆင်မှုတွေ ပြီးစီးပါက အနံ့မရရှိတဲ့ သူပေါင်း ၁၅၀၀ ဝန်းကျင်ကို ထားရှိ စောင့်ကြည့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 



"အနံ့မရသူတွေကိုဆေးရုံမဟုတ်ဘဲ နေရာတစ်နေရာ မှာသီးခြား၊ ေ တောင်ဒဂုံကနေရာတစ်ခုဖြစ်တဲ့ အိမ်ရာဖြစ်ဖြစ်ပေါ့ အဲ့လိုနေရာမှာ ထားဖို့ရည်ရွယ်ချက်ရှိတယ်။ လူ ၁၅၀၀ လောက်ထားဖို့ ပြင်ဆင်နေတယ်။အနံ့မရသူဟာ ကိုဗစ်ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် ကျွန်မတို့က အနံ့မရသူတွေကို စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပါတယ်။ သူက လက္ခဏာရှိတဲ့အတွက် စမ်းသပ်ကြည့်မှသာ positive လား negative လား သိရမှာဖြစ်ပါတယ်။ဒါကြောင့် သီးခြားထားမှာဖြစ်တယ်။ ဘာကြောင့်ခုလိုလုပ်လဲဆိုရင် သူတို positive ဖြစ်ရင် သူတိူ့နဲ့ထိစပ်သူတွေကို ထောက်လှမ်းမယ် စစ်ဆေးမယ် positive ဖြစ်ရင် ဆေးရုံမှာ သီးခြားထားကုသမယ် မတွေ့ရင်လည်းစိတ်ချရတာပေါ့ ဒီလိုပုံစံလုပ်ဖို့ရှိပါတယ်။"လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။ 

လောလောဆယ် မှာတော့ အနံ့မရသူတွေ အနေနဲ့ Fever Clinic က ညွှန်ကြားမှုအတိုင်း မိမိနေအိမ်မှာ နေထိုင်ရမှာဖြစ်ပြီး နေအိမ်မှာနေဖို့ အဆင်မပြေသူတွေအတွက်ကိုတော့ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွေကနေ နေရာရှာဖွေစီစဉ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ 

"အင်းစိန်မှာဆို လူနာတွေက အိမ်လည်းမပြန်ချင်ဘူး အိမ်မှာအသက်ကြီးတဲ့သူတွေ ရောဂါအခံရှိတဲ့သူတွေရှိတယ်။ သီးခြားနေတာလည်းမဟုတ်ဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထားဖို့စီစဉ်နေတာရှိပါတယ်။ အဲ့ဒါတွေကျတော့ သက်ဆိုင်ရာ ကွာရန်တင်းထားဖို့ကိစ္စ၊ အနံ့မရသူကို သီးခြားထားဖို့ကိစ္စ၊သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့အဓိကတာဝန်ဖြစ်ပါတယ်။"လို့ ဒေါက်တာခင်ခင်ကြီး ကထပ်မံပြောပါတယ်။ 

လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်မူ  အနံ့ မရ သူတွေကို  ဆေးရုံမှာ ထားရှိကုသဖို့ အဆင်မပြေသေလို ၊ သီးခြားထားဖို့လည်း နေရာ မရှိသေးဘူးလို့ သိရပါတယ်။အနံ့မရသူတိုင်းဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူတွေ မဖြစ်နိုင်သလို အသက်အန္တရာယ်လည်း စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။

ကိုဗစ် ဒုတိယလိူင်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကိုဗစ် ကပ်ရောကူးစက်မှုအခြေအနေဟာ မြန်မာနိုင်ငံထဲက တိုင်းနှင့်ပြည်နယ်ထဲမှာ ကူးစက်မှုအမြင့်ဆုံးအဖြစ်တည်ရှိနေတာကြာင့် ရန်ကုန်တိုင်းကို အဝင်အထွက် ပိတ်ထားပြီး တင်းကြပ်တဲ့ Stay home စနစ်ကိုကျင့်သုံးနေပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က