တောင်ကိုရီးယားနိုင်ငံအစိုးရကလည်း ဒေါ်လာ (၅)သိန်းဖိုးလှူမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံတွင်းမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုပျံ့နှံ့နေမှုကြောင့် ပိုးတွေ့လူနာအရေအတွက်က တစ်ရက်နဲ့တစ်ရက် အဆမတန် တိုးလာလျှက်ရှိနေပါတယ်။

နိုင်ငံအတွင်း ကိုဗစ်ကူးစက်ပျံ့ပွါးမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစည်းမျဉ်းတွေကိုလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားသလို သံသယလူတွေမှာလည်း ရောဂါပိုး ရှိ၊မရှိ အမြန်ဆုံးစစ်ဆေးနိုင်မယ့် ဆေးဝါးပစ္စည်း တွေကိုလည်း မြန်မာအစိုးရက တောင်ကိုရီးယားကနေ မှာယူထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး တင်ပြတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။



“အခု နိုင်ငံတော်အနေနဲ့နဲ့ ပြည်သူတွေမှာ ရောဂါပိုး ရှိ၊မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စစ်ဆေးစမ်းသပ်နိုင်မယ့် ဆေးဝါးပစ္စည်း တစ်သိန်းခန့်ကို တောင်ကိုရီးယားကနေ မှာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံအစိုးရကလည်း ဒေါ်လာ (၅)သိန်းဖိုးလှူမယ်။ ဒီဆေးဝါးပစ္စည်းတွေက ရက်ပိုင်းအတွင်း နိုင်ငံတွင်းကိုရောက်မှာပါ။ ရောက်လာတဲ့အခါမှာ ခရိုင် ၊မြို့နယ်ဆေးရုံတွေကို ဖြန့်ပေးမှာဖြစ်တယ်" လို့ အတိုင်င်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

လတ်တလော ကြုံတွေနေရတာက ရောဂါဖြစ်တယ်လို့ထင်နေတဲ့ သူတွေက အိမ်မှာကိုယ့်ဘာသာကုသမှုတွေလုပ်နေမှုတွေရှိနေပြီး ရောဂါပြင်းထန်မှဆေးရုံရောက်လာတဲ့လူနာတွေလည်း ရှိနေတာပါ။ ဒီလိုလုပ်ရပ်တွေက ရောဂါကိုကုသပေးဖို့နောက်ကျသွားသလို ကူးစက်မှုတွေကိုလည်း ထိန်းချုပ်ဖို့ခက်တယ်လို့ အတိုင်ပင်ခံက သတိပေးထားပါတယ်။

ဓာတ်ပုံ - ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဖေ့စ်ဘွတ်

လက်ရှိအချိန်မှာ လူနာအရေအတွက်များလာတာကြောင့် အထူးကုဆေးရုံတွေမှာ ကုသပေးဖို့ နေရာအခက်အခဲတွေရှိလာတဲ့အတွက် ပြည်သူတွေအနေနဲ့ နီးစပ်ရာ ခရိုင်မြို့နယ်ဆေးရုံကိုသွားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ယခုတောင်ကိုရီးယားက မှာထားတဲ့ ဆေးပစ္စည်းတွေကိုလည်း ခရိုင် မြို့နယ်ဆေးရုံတွေကို ဖြန့်ဝေပေးမှာဖြစ်လို့ ရောဂါပိုး ရှိ၊မရှိကို ဒီဆေးရုံတွေမှာလည်း ထိထိရောက်ရောက်စစ်ဆေးပေးနိုင်တော့မှာဖြစ်တယ်လို့ အတိုင်ပင်ခံက ပြောကြားထားတာပါ။

လက်ရှိနိုင်ငံတွင်း ကူးစက်လူနာအရေအတွက်များလာသလို သေဆုံးသူအရေအတွက်လည်းများလာတဲ့အတွက် ပြည်သူတွေအနေနဲ့ ရောဂါကို ကြောက်နေစရာမလိုဘဲ သံသယရှိပါက ကုသမှုကိုအမြန်ဆုံးခံယူကြဖို့ လည်း အတိုင်ပင်ခံက တိုက်တွန်းထားပါတယ်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တွေ့ရှိမှုဟာ နေ့စဉ်လိုလို စံချိန်သစ်တင် တွေ့ရှိလျက်ရှိပြီး သေဆုံးမှုတွေလည်း မြင့်တက်လာလျက်ရှိပါတယ်။ စက်တင်ဘာလ ၂၅ ရက် ည ၈ နာရီထုတ်ပြန်ချက်အထိ ပိုးတွေ့လူနာ ၉၁၁၂ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၇၄ ဦး ရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က