မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်းတို့မှ မြို့နယ်အချို့ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခု (မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့) ၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ် သုံးခု (မဟာအောင်မြေမြို့၊ ချမ်းအေးသာဇံမြို့နဲ့ အမရပူရမြို့)၊ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် သုံးခု (ကဝ၊ ပဲခူးနှင့် သနပ်ပင်)၊ ဧရာတတီတိုင်းရှိ မြို့နယ် သုံးခု (ပုသိမ်၊ ဖျာပုံနဲ့ မအူပင်) တို့ကို နေအိမ်မှာနေထိုင်စေရေး Stay At Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ယနေ့ (စက်တင်ဘာလ ၂၅ ရက်) တွင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ထားမှုမရှိဘဲ ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာ အရေအတွက် များလာတာကြောင့် အခုလို stay at home နေထိုင်ရန် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ပိုး ကူးစက်ပျံ့နှံ့မှုများပြားနေတဲ့ ရန်ကုန်ကို စက်တင်ဘာလ(၂၁)ရက်နေ့စလို့ stay at home အဖြစ်ကြေညာခဲ့ပြီးနောက် မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်အချို့ကိုလည်း အခုလို သတ်မှတ်ကြေညာခဲ့တာပါတယ်။



ဒီအမိန့်က မနက်ဖြန် စက်တာင်ဘာလ (၂၆)ရက်နေ့ မနက် (၈)နာရီကစပြီး စတင်သက်ရောက်စေမှာဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေအနေနဲ့ လည်း လုပ်ငန်း လည်ပတ်မှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ (၂၈)ရက်နေ့မှာ နောက်ဆက်တွဲအမိန့်စာမထုတ်ပြန်မီ ၂၇ ရက်နေ့ထိရပ်နားထားရမှာဖြစ်ပါတယ်။ Stay at homeကာလမှာ မဖြစ်မနေရုံးတက်ရမယ့်သူတွေကတော့ ပုံမှန်တိုင်း ရုံးတက်သွားလာခွင့်ရရှိမှာပါ။

Stay at home ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုမရှိပါကလည်း အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ယခု stay at home ကြေညာလိုက်တဲ့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ပိုးတွေ့ရှိမှု အခြေအနေမှာ ယနေ့ည (၈)နာရီ ထုတ်ပြန်ချက်အထိ မွန်ပြည်နယ်က (၂၂၃)ဦး ၊ မန္တလေးတိုင်းက (၂၂၅)ဦး ၊ ပဲခူးတိုင်းက (၂၄၃)ဦးနဲ့ ဧရာဝတီတိုင်းက (၁၉၇)ဦးတို့ဖြစ်ပြီး ယနေ့ည ထပ်တိုးလူနာ (၅၉၈)ဦးကတော့ နေရာတွေမသိရှိရသေးပါဘူး။

Share

Loading Next Article...
က္က