လူစုလူဝေး ဖြစ်ပွားမှုဟာ ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။

ဒဂုံမြိုနယ်ထဲက ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဖို့ လာရောက်သူတွေကြောင့် လူစုလူဝေး ဖြစ်ပွားမှုဟာ ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီလို့ ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က ပြောပါတယ်။

ဒါကြောင့် ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမယ့် လူတွေနဲ့ပတ်သက်ပြီး အခြေအနေကိုတာဝန်ရှိသူတွေဆီ ပြောဆိုတင်ပြပေမယ့်လည်း ထူးခြားမှုမရှိဘူးလို့ သိရပါတယ်။



"၅ လပိုင်းထဲကရှိတယ်။ ခုက တော်တော်အခြေအနေဆိုးလာတာပါ။ ညကတည်းက လာအိပ်ပြီး ကားနဲ့စောင့်နေတာတွေရှိတယ်။ ဒီလိုမျိုးဖြစ်နေတယ်ဆိုတာကို အဆင့်ဆင့်တင်ပြတယ် ဒါပေမယ့် သေသေချာချာနဲ့ အရေးတယူလုပ်တာမရှိဘူး အဲ့ဒီအခါကျ ကိုယ့်ရဲ့မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကိုယ်စားလှယ်ကိုတင်ပြရတာပေါ့။"လို့ ဒေါ်ခင်သွယ်သွယ်ထွဋ်ကပြောပါတယ်။

Photo: ဦးကျော်ဇေယျ

ပြည်ပကိုသွားရောက်ဖို့ အတွက်ဆေးစစ်ရန်လာရောက်သူတွေဖြစ်ပြီး ၊ တရုတ်နိုင်ငံသားတွေလည်းပါဝင်ကြောင်း၊ ဆေးစစ်မှုကို နေ့ရော ညပါ ပြုလုပ်ပေးတဲ့အတွက် နေ့ရော ညပါ ဆေးစစ်ဖို့ စောင့်ဆိုင်းသူတွေ့က ရှိနေတယ်လို့သိရပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး NHL ဓာတ်ခွဲခန်းနေရာကို သွားရောက်ခဲ့တဲ့ ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက "ဘုရားကြီးရပ်ကွက် အန်ကယ့်မဲဆန္ဒနယ်ပေါ့။ သွားကြည့်တယ် မှန်တယ် ဒါ မဖြစ်သင့်ဘူး၊ မေးကြည့်တယ် တာဝန်ရှိသူတွေက ပြောတယ်။ ခုနှစ်ယောက်တစ်ဖွဲ့ သုံးဆိုင်းလုပ်တယ်။ သူတို့လည်းလုပ်ပေးနေတယ် ဝန်နဲ့အားမမျှဘူးပြောတယ်။ လူစုလူဝေးဖြစ်တာ နေ့ရောညရော ဖြစ်နေတော့ ရပ်ကွက်ကလည်း သိပ်မကြည်ဘူး။ ရပ်ကွက်အတွက်လည်း အဆင်မပြေဘူး။ အစိုးရအဖွဲ့ကိုတော့ ဆက်လိုက်တယ် လိုအပ်တာတွေလုပ်ပါမယ်" လို့ ပြောပါတယ်။

Photo: ဦးကျော်ဇေယျ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေတဲ့အတွက် ရန်ကုန်ကို တင်းကျပ်တဲ့ stay home လုပ်နေချိန်မှာ ယခုလို လူစုလူဝေးဖြစ်ပေါ်တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ဦးကျော်ဇေယျက မှတ်ချက်ပြုပါတယ်။ ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းမှာ ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးလိုသူတွေကို စစ်ဆေးခ တစ်ဦးလျှင် မြန်မာငွေ နှစ်သိန်းကျပ်နဲ့ စစ်ဆေးပေးနေတာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က