စုံစမ်းစစ်ဆေးမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဗဟိုရ်စည် ဆေးရုံနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနဆီ တင်ပြထားလိုက်ပြီဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ ပြီးစစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

ဒါကြောင့်ဆေးရုံနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့်အရေးယူမှုအပိုင်းအပါအဝင်အားလုံးကိုတော့ တိုင်းကျန်းမာရေးကနေ စိစစ်ပြီးဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။



"သူတို့တင်ပြချက်ကို ဖိုင်တွဲပြီး ပို့လိုက်တာပါ။ ကျွန်တော်တို့ကလည်း ကိုယ်တွေ့တာကိုယ်ရေး၊ သူတို့ကလည်း သူတို့တင်ပြချင်တာပြပေါ့ အထက်ကိုတင်ပေးလိုက်ပါပြီ။ ကျွန်တော်တို့ကတော့ နီးနီးနားနား တိုင်းကျန်းမာပေါ့ တင်ပြထားတာ။ ကျန်တဲ့ကိစ္စတွေက လူကြီးမင်းတွေသဘောပေါ့ ကျွန်တော်ကတော့ တွေ့ရှိချက်တင်ထားတယ်။"လို့ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရမှုရှိတဲ့အခါ ဆေးရုံရဲ့ပေါ့လျော့မှုကြောင့် ဟုတ်မဟုတ်သိရှိနိုင်ဖို့အတွက် ဆေးရုံမှာရောဂါပိုးမွှားသတ်ထားခြင်းရှိ/မရှိ၊ ကြိုတင်ကာကွယ်မှုကို သေသေချာချာ လုပ်ထားခြင်းရှိ မရှိ အဓိက စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆေးရေးအဖွဲ့ဟာဆေးရုံနှင့်ပတ်သက်ပြီး စစ်ဆေးမှု ကိုသာအဓိကလုပ်ဆောင်ခဲ့တာဖြစ်ပြီး အရေးယူမှုအပိုင်းကိုတော့ တာဝန်ရှိသူတွေကသာ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဗဟိုရ်စည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၀၉ ဦးအထိရှိနေပြီး အဲ့ဒီအတည်ပြုလူနာအားလုံးဟာ ဗဟိုရ်စည်ဆေးရုံ ဝန်ထမ်းတွေဖြစ်တယ်လို့သိရပါတယ်။ ဗဟိုရ်စည်ဆေးရုံမှာဝန်ထမ်းပေါင်း ၆၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

ဗဟိုရ်စည်ဆေးရုံက ကျန်းမာရေးဝန်ထမ်း သုံးဦးမှာ ကိုဗစ်ရောဂါ ပိုးကူးစက်ခံထားရကြောင်းကို စက်တင်ဘာ ၁၀ ရက်နေ့မှာ စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး အတည်ပြုလူနာ တွေထဲမှာ ဧရာဝတီတိုင်းကနေ ဗဟိုစည်ရ်ဆေးရုံမှာ သူနာပြုအကူအဖြစ်လာရောက်လုပ်ကိုင်နေတဲ့  အ သက်၂၃ နှစ်အရွယ်ရှိတဲ့ သူနာပြု အကူတစ်ဦးသေဆုံးမှုရှိထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က