ပဲခူး၊ ကဝ ၊သနပ်ပင် ရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေကိုလည်း ဒီနေ့ကစပြီး ရပ်နားဖို့ ညွှန်ကြားထားပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ  စက်တင်ဘာလ ၂၅ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအရ ကိုဗစ်အတည်ပြုလူနာ ၁၄ ဦးထပ်တိုးလာပြီး အဲ့ဒီထဲမှာ တစ်လသားအရွယ် ကလေးငယ် ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိပဲခူး တိုင်းရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအခြေအနေဟာ မျှော်လင့်ထားတဲ့အခြေအနေထက်ကို ပိုပြီး များလာနေတယ်လို့ ပဲခူးတိုင်းကျန်းများရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။ ဒါကြောင့် တိုင်းထဲက ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အများဆုံးမြို့နယ်တွေဖြစ်တဲ့ ပဲခူးမြို့ ၊သပ်နပ်ပင်၊ ကဝမြို့နယ် သုံးခုကို Stay Home နေထိုင်ဖို့ သတ်မှတ်ပြီး ထိန်းချုပ်မှုပြုလုပ်လိုက်ပါတယ်။



"တွေ့ရှိနေရတဲ့ ကိုဗစ်အတည်ပြုလူနာအများစုဟာ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေသူတွေဖြစ်တယ်။ ဒီရောဂါက အကုန်လုံးမှာဖြစ်နေသလို ပဲခူးတိုင်းလည်းဖြစ်နေတယ်၊ပဲခူးက ရန်ကုန်နဲ့ ကပ်နေတယ်ကူးလူးဆက်ဆံမှုကအများဆုံးဖြစ်နေတယ် နောက်ကူးစက်မှုကလည်းတော်တော်ကိုများတယ်ပြောရမယ်။ခုစတေးဟုမ်းသတ်မှတ်လိုက်တဲ့မြို့တွေက ရန်ကုန်နဲ့ ဆက်စပ်နေတယ်။ သနပ်ပင်ဆိုရင် ရန်ကုန်ငါးဈေးဂယက် အတော်ရိုက်ခတ်ခဲ့တယ်။သီရိမင်္ဂလာဈေး အဆက်ကူးတာတွေဖြစ်တယ်။"လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။ 

ပဲခူးမြို့မှာတော့ အနံ့ပျောက်သူများလာသလို PUI စောင့်ကြည့်လူနာ အဖြစ်ထားတဲ့ သူတွေမှာ ကိုဗစ်ပိုးတွေ့ရှိမှုဟာ အရင်ကထက်ပိုများလာတယ်လို့ သိရပါတယ်။ ဒါကြောင့် stay home သတ်မှတ်ထားတဲ့ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ မြို့နယ်မှာနေထိုင်သူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အထူးလိုအပ်နေပါတယ်။

ပဲခူးတိုင်းတစ်တိုင်းလုံးမှာ မြို့နယ် ၂၀ ကျော်အထိ ကိုဗစ် ရောဂါကူးစက်မှုရှိနေပြီး ကိုဗစ် ဒုတိယလိူင်း မှာ အတည်ပြုလူနာပေါင်း ၂၃၀ ကျော်အထိရှိနေပြီလည်းဖြစ်ပါတယ်။ ဒီထဲမှာ ၈ ရက်သားအရွယ် ကလေးငယ် ပါဝင်သလို တစ်လသား အရွယ်ကလေးငယ် ၊ ၈ လသားအရွယ်ကလေးတွေလည်းကူးစက် ခံနေရပါတယ်။ ပဲခူး၊ ကဝ ၊သနပ်ပင် ရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေကိုလည်း ဒီနေ့ကစပြီး ရပ်နားဖို့ ညွှန်ကြားထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က