မြို့နယ် တစ်ခုနဲ့တစ်ခု အဝင်အထွက်တွေကိုစစ်ဆေးနေတာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်နေပြည်သူအားလုံးကို စက်တင်ဘာလ(၂၁)ရက်နေ့ကစပြီး stay at home နေထိုင်ကြဖို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

မော်တော်ယာဉ်တွေကအစ သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ တစ်မြို့နယ်နဲ့တစ်မြို့နယ် ဝင်ထွက်သွားလာခွင့်ပြုထားတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ(၂၇)ရက်နေ့မှာတော့ ရန်ကုန်တိုင်းအတွင်းကမြို့နယ်အားလုံးမှာ မော်တော်ယာဉ်တွေကအစ စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။



“ စစ်ဆေးတယ်ဆိုတာက ထုတ်ပြန်ချက်မှာပါရှိတဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ မော်တော်ယာဉ်တွေအပြင် ဒီတိုင်းမလိုအပ်ဘဲ သွားလာနေတဲ့ မော်တော်ယာဉ်တွေလည်းရှိနေတဲ့ အတွက် စစ်ဆေးမှုတွေလုပ်တာပါ။ ရန်ကုန်တတစ်တိုင်းလုံးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေ့ကတော့ အသိပေးဆောင်ရွက်တဲ့သဘော။အရေးယူမှုမပါသေးဘူး။ နောက်ရက်တွေမှာတော့ အရေးမှုတွေပါလာမှာပါ”လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

Stay at home ကာလအတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေမှာ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ ကျန်းမာရေးကိစ္စအရမဖြစ်မနေ ထွက်ရပါက မော်တော်ယာဉ်တွေပေါ်မှာလည်း သတ်မှတ်လူဦးရေနဲ့သာ သွားလာကြဖို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းမှာတော့ တစ်မြို့နယ်နဲ့ တစ်မြို့နယ် အဝင်အထွက်ယာဉ်တွေကို စစ်ဆေးနေတာဖြစ်ပြီး ကျန်းမာရေးကိစ္စဆိုပါကလည်း ဆေးစာပြသဖို့လိုအပ်တယ်လို့ သိရပါတယ်။

မော်တော်ယာဉ်တွေစစ်ဆေးမှုကိုတော့ ဒီကနေ့စပြီး stay at home သတ်မှတ်ထားတဲ့ ကာလတစ်လျှောက် စစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာမှုမရှိ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကိုတော့ တည်ဆဲဥပဒေနဲ့အညီ အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က