ရဲစခန်းကို လော့ဒေါင်းလုပ်ထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အမှတ် (၁) ရဲစခန်းက ရဲအရာရှိ၊ ရဲဝန်ထမ်း နဲ့ အချုပ်သား စုစု‌ပေါင်း ၄၃ ဦး မှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောပါတယ် ။

စစ်တွေ အမှတ် (၁) ရဲစခန်း ရဲအရာရှိ ၂ ဦး၊ ရဲဝန်ထမ်း ၂၂ ဦး ဖြစ်ပြီး အချုပ်သားက ၁၉ ဦး ဖြစ်ကြောင်းနဲ့  လူနာတွေကိုတော့  စစ်တွေ ဆေးရုံကြီးမှာ ကျန်းမာ ရေးစောင့် ရှောက်မှု ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။



"နောက်ထပ်ကူးစက်မှုကတော့ မသိရသေးဘူး။ ရဲစခန်းကိုတော့ လော့ဒေါင်းလုပ်ထားတယ်။ ဆက်စပ်သူတွေကို ကွာရန်တင်းထား စောင့်ကြည့်နေပါတယ်။အဲ့ဒီစခန်းက ရဲအရာရှိ ၂ ယောက်ကနေ စတွေ့တယ်။အဲဒီကနေ ဆက်စပ်တွေ့တာဖြစ်တယ်။ ထပ်တွေ့တဲ့ ၂၂ ယောက်နဲ့ အချုပ်သားတွေက ပြီးခဲ့တဲ့ ၂၁ ရက် လောက်ကပဲ တွေ့တာ။"လို့ ကိုဇော်လှိုင်ထွန်းက ပြောပါတယ် ။

ဓာတ်ပုံ - Aung myint htoo

လက်ရှိမှာ စစ်တွေ အမှတ် (၁) ရဲစခန်းကို  အသွားအလာကန့်သတ်ကာကာ Lock Down ချထားပြီး ယခုပိုးတွေ့လူနာ တွေနဲ့ ထိတွေ့ မှု ရှိခဲ့တဲ့ မိသားစုဝင်အပါအဝင်အားလုံးကိုလည်း Quarantine ထည့်ထားတယ်လို့သိရပါတယ်။ ရဲအရာရှိ ၂ ဦးမှာ ပထမဆုံး ကိုဗစ်ရောဂါကူးစက်မှုတွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းကနေမှ တဆင့် ထိစပ်မိပြီး ရဲဝန်ထမ်း ၂၂ ဦးနဲ့အချုပ်သား ၁၉ ဦးမှာပိုးတွေ့ရှိကြောင်းကို ပြီးခဲ့ ရက်ပိုင်းမှာ သိခဲရတာဖြစ်ပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာ ကိုဗစ် ဒုတိယလိူင်းဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ စက်တက်ဘာလ ၂၆ရက်နေ့ ည ၈ နာရီ အထိ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ ၁၂၃၅ ဦးရှိပြီး ရောဂါပျောက်ကင်းသဖြင့် ဆေးရုံ ဆင်းခွင့်ရရှိခဲ့သူ ၇၀၃ ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါကိုဗစ်အတည်ပြုလူနာ ၁၂၀၀ ကျော်ထဲမှာ စစ်တွေမြို့ဟာ အတည်ပြုလူနာ အများဆုံးပါဝင်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က