ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှု ကြီးကြီးမားမားမထားဘဲ စည်းကမ်းလိုက်နာဖို့လည်း ဝန်ကြီးချုပ်က မေတ္တာရပ်ခံထားပါတယ်။

COVID-19 ကာကွယ်ဖို့ လမ်းညွှန်ချက်နှင့်အညီနေထိုင်မယ်ဆိုပါက မန္တလေးတိုင်းအနေနဲ့ ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောလိုက်ပါတယ်။ 

မန္တလေးတိုင်းမှာ (၂၈) မြို့နယ်ရှိတဲ့အနက် (၁၈) မြို့နယ်မှာ ပိုးတွေ့ထားရပြီး ပိုးတွေ့ထားသူ (၂၆) ဦးနဲ့ အများဆုံးရှိနေတဲ့ မဟာအောင်မြေမြို့နယ်ကလည်း ဟိုတယ်မန္တလေးတစ်ခုတည်းကတင် (၂၃) ဦးတွေ့ထားတာကြောင့် မြို့နယ်တစ်ခုလုံးပျံ့နေတယ်လို့ မပြောနိုင်ဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။



ဒုတိယပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာ ပိုးတွေ့လူနာ(၁၅) ဦး၊ တတိယအများဆုံးဖြစ်တဲ့ ပုသိမ်ကြီး မြို့နယ်မှာ (၁၄) ဦး၊ အမရပူရမြို့နယ်မှာ (၅) ဦးနဲ့ မြင်းခြံမြို့နယ်မှာ (၇) ဦးသာရှိတယ်လို့ သိရပါတယ်။ အရေးကြီးတာက Stay at Home နေထိုင်တဲ့ မြို့နယ်တွေက ပြည်သူလူထု အနေနဲ့ ညွှန်ကြားချက်နဲ့အညီ နေထိုင်ကြဖို့ ဖြစ်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဒီကနေ့ စက်တင်ဘာ (၂၇) ရက်မှာ ပြုလုပ်တဲ့ မန္တလေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထု အနေနဲ့ စိုးရိမ်ကြောင့်ကြမှု ကြီးကြီးမားမား မထားဘဲ၊ စည်းကမ်းတကျ လိုက်နာကြရန် မေတ္တာ ရပ်ခံကြောင်း ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းအတွင်းကို ဖေဖော်ဝါရီလကနေ စက်တင်ဘာ (၂၆) ရက်အထိ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံသား (၃,၄၁၃၄) ဦး ပြန်ရောက်လာတဲ့အပြင် ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်မှ လာသူတွေလည်း ရှိနေပြီး အားလုံးကို Quarantine ထားရှိခြင်း၊ နှာခေါင်း၊ အာခေါင် တို့ဖတ်ယူပြီး ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

လက်ရှိမန္တလေးတိုင်းမှာ Quarantine ဝင်နေသူပေါင်း (၂၆၀၁) ဦး နဲ့ အိမ်တွင် Quarantine ထားရှိ စောင့်ကြည့်နေသူ (၂၂၀၈) ဦး ရှိပြီး စက်တင်ဘာ ၂၇ ရက်နေ့အထိ ပိုးတွေ့ထားသူ (၂၅၃) ဦး ၊ ပျောက်ကင်းလို့ ဆေးရုံမှ ဆင်းသွားသူ (၁၂၃) ဦး၊ သေဆုံးသူ (၁) ဦးနဲ့ ဆေးရုံမှာ ကုသမှုခံယူနေသူ (၁၂၉) ဦး ရှိတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းအတွင်း ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်နဲ့ အမရပူရ မြို့နယ်တို့ကိုတော့ Stay at Home (မိမိအိမ်တွင် နေထိုင်ရန်) စက်တင်ဘာ (၂၅) ရက်နေ့ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က