နှုန်းထားလည်းသက်သာပြီး စိတ်ကြိုက် ဗီဒီယိုတွေကြည့်ရှုနိုင်မယ့် ရှယ်ကြည့် Data Pack ကို (၇)ရက်စာနဲ့ ရက် (၃၀)စာဆိုပြီး Pack (၂)မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ (၇) ရက်စာရှယ်ကြည့် Data Pack ကိုတော့ *8208*7# ကိုခေါ်ဆို ဝယ်ယူနိုင်ပြီး (၄၉၉) ကျပ်သာကျသင့်မှာ ဖြစ်ပါတယ်။ ရက် (၃၀)စာ ရှယ်ကြည့် Data Pack ကိုတော့ *8208*30# ကို ခေါ်ဆိုဝယ်ယူနိုင်ပြီး (၈၉၉) ကျပ်သာကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Saint Sandy Htet

MPT က အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်စာ နဲ့ ရက် (၃၀) စာ ဝယ်ယူနိုင်မယ့် “ရှယ်ကြည့်” Data Pack ကို အသက်သာဆုံးနှုန်းထားတွေနဲ့ မိတ်ဆက်လိုက်ပါတယ်။ ရှယ်ကြည့် Dat​a Pack ဆိုတာကတော့ “ဗျို့”Lifestyle ဝန်ဆောင်မှုနဲ့ Shwe Streamဝန်ဆောင်မှုတွေအပြင် ဝက်ဘ်ဆိုက်အသုံးပြုတာ၊ ဗွီဒီယို၊တေးသီချင်းတွေကို တိုက်ရိုက်ကြည့်ရှုတာ၊  ဂိမ်းကစားတာ၊ ဗွီဒီယိုကောလ်ခေါ်ဆိုတာ၊ အက်ပလီကေးရှင်း ဒေါင်းလုတ်ဆွဲတာနဲ့ YouTube ကြည့်ရှုတာတွေကိုပါ စိတ်ကြိုက်အသုံးပြုနိုင်မယ့် Data Pack လို့ သိရပါတယ်။

ရှယ်ကြည့် Data Pack တစ်ခါ ဝယ်ယူထားပြီ ဆိုပါက မိမိတို့ ဒေတာ အသုံးပြုတာတွေအတွက် အဆိုပါ Pack ထဲက ကောက်ခံသွားမှာ ဖြစ်ပြီးတော့ သတ်မှတ်ထားတဲ့ Data ကိုကျော်လွန်အသုံးပြုမယ်ဆိုရင်တော့  တခြား မိမိ ဝယ်ယူထားတဲ့ Data Pack ဒါမှမဟုတ် သုံးသလောက်ပေးအင်တာနက်နှုန်း (PAYG) နဲ့ကောက်ခံသွားမှာ ဖြစ်ပါတယ်။

 


ရှယ်ကြည့် Data Pack ဝယ်ယူပြီး မြန်မာနဲ့ နိုင်ငံတကာ ရုပ်ရှင် ( မြန်မာစာတန်းထိုး) ဇာတ်ကားပေါင်း ၈၀၀ ကို “Shwe Stream” Movie Application ပေါ်မှာ စိတ်ကြိုက်ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပြီးတော့ လူနေမှု ဘဝပုံစံကို တင်ဆက်ပေးနေတဲ့ “ဗျို့” Application ပေါ်က စိတ်ဝင်စားဖွယ်ရာ ရုပ်သံ အစီအစဉ်တွေကိုလည်း စိတ်ကြိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှယ်ကြည့် Data Pack ဝယ်ယူထားသူတွေအနေနဲ့ “ဗျို့” Lifestyle Application က နေ့စဥ်တင်ဆက်ပေးနေတဲ့ ကျန်းမာရေး၊ အလှအပ၊ ဖက်ရှင်၊ ဖျော်ဖြေရေး၊ ခရီးသွား၊ အစားအစာ၊ သက်မွေးမှုလုပ်ငန်းများ၊ အောင်မြင်တိုးတက်ရေး၊ ဗဟုသုတ၊ Lifestyle နဲ့ ဗေဒင် အစရှိတဲ့ ကဏ္ဍအစုံအလင်ကို မိမိတို့ စိတ်ကြိုက် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

 

ဒီလို နှုန်းထားလည်းသက်သာပြီး စိတ်ကြိုက် ဗီဒီယိုတွေကြည့်ရှုနိုင်မယ့် ရှယ်ကြည့် Data Pack ကို (၇)ရက်စာနဲ့ ရက် (၃၀)စာဆိုပြီး Pack (၂)မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ (၇) ရက်စာရှယ်ကြည့် Data Pack ကိုတော့ *8208*7# ကိုခေါ်ဆို ဝယ်ယူနိုင်ပြီး (၄၉၉) ကျပ်သာကျသင့်မှာ ဖြစ်ပါတယ်။ ရက် (၃၀)စာ ရှယ်ကြည့် Data Pack ကိုတော့ *8208*30# ကို ခေါ်ဆိုဝယ်ယူနိုင်ပြီး (၈၉၉) ကျပ်သာကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနည်းလမ်း (၂)မျိုးအပြင် MPT4U Application ကနေ ဝင်ရောက် ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဝယ်ယူပြီးပါက သုံးစွဲသူတွေဆီကို “ဗျို့”Lifestyleဝန်ဆောင်မှုနဲ့ ShweStream ဝန်ဆောင်မှုတွေကို Premium သုံးစွဲခွင့် အတွက် လဲလှယ်နိုင်မယ့် အထူး Link တစ်ခုကို SMS မှတစ်ဆင့် လက်ခံရရှိမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ “ဗျို့”Lifestyleဝန်ဆောင်မှုနဲ့ ShweStream ဝန်ဆောင်မှုတွေကို ကြည့်ရှုဖို့အတွက်  Application တွေကို Google Play Store မှာ download ရယူနိုင်ပါတယ်။

MPT က ဝန်ဆောင်မှုတွေနဲ့ အခြား အသေးစိတ် အကြောင်းအရာတွေကို သိရှိလိုတယ်ဆိုရင်တော့ www.mpt.com.mm ဒါမှမဟုတ် www.facebook.com/mptofficialpage မှာ ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ပါတယ်။



Author


က္က