မြို့နယ်ကျော်လွန်သွားလာခွင့်တွေကို လုံးဝခွင့်မပြုတော့ပါဘူး။

Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်တစ်ခုနဲ့တစ်ခု သွားလာပြီး အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့ QR pass ရှိမှာ ဝင်ထွက်သွားလာခွင့်တွေပြုမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Stay at homeကာလမှာ သတ်မှတ်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေက မော်တော်ယာဉ်တွေအပါအဝင် ဝန်ထမ်းတွေကိုပါ QR pass ရှိမှ သွားလာခွင့်ပြုနေတာဖြစ်ပြီး တခြားမော်တော်ယာဉ်တွေနဲ့ လူတွေကိုတော့ အသွားအလာတွေကန့်သတ်နေတာဖြစ်ပါတယ်။ ရန်ကုန်နေ ပြည်သူလူထုအနေနဲ့ stay homeကာလမှာ စည်းကမ်းလိုက်နာမှုအားနည်းပြီး အကြောင်းမရှိ အပြင်ထွက်သွားလာနေမှုတွေရှိနေတာကြောင့် အခုလို စည်းကမ်းတင်းကြပ်ကာ စစ်ဆေးမှုတွေလုပ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။



လုပ်ငန်းခွင်ဝင်ရောက်နေရတဲ့သူမဟုတ်တဲ့ တခြားပြည်သူတွေ အနေနဲ့က ဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး အဆိုပါကိစ္စတွေအတွက် QR Pass ရယူရန်မလိုအပ်ပါဘူး။

လက်ရှိရန်ကုန်မှာက သတ်မှတ်ထားတဲ့ လုပ်ငန်းမော်တော်ယာဉ်တွေနဲ့လူတွေကလွဲလို့ မြို့နယ်တစ်ခုနဲ့တစ်ခု ဖြတ်သန်းသွားလာခွင့်တွေကို မနေ့က စက်တင်ဘာလ (၂၇)ရက်နေ့က စပြီး တင်းကြပ်ပိတ်ဆို့ခဲ့တာပါ။ လိုက်နာမှု မရှိတဲ့သူတွေကိုလည်း တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်လို့လည်း သိရပါတယ်။

မဖြစ်မနေ လုပ်ငန်းခွင်ဝင်ရောက်နေရတဲ့ ဝန်ထမ်းတွေနဲ့ အသုံးပြုနေရတဲ့ မော်တော်ယာဉ်တွေကတော့ ဝင်ထွက်သွားလာခွင့်ရရှိအောင် https://QRpass.SawSawShar.gov.mm မှာ ဝင်ရောက်ပြီး မှတ်ပုံတင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က