မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးဖြစ်ပါတယ်။

လှိုင်မြို့နယ် မင်းဓမ္မရိပ်သာ ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်ရောက်နေတဲ့ ရဲတပ်သားတစ်ဦး ခုန်ချသေဆုံးခဲ့တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၂၈)ရက်နေ့ မနက်အစောပိုင်းက ခုန်ချသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးတဲ့ တပ်သားက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးလို့ ဆိုပါတယ်။ “ ဒီနေ့မနက်ပိုင်းက ဖြစ်သွားတာပါ။ လှိုင်ကွာရန်တင်း စင်တာ (၄)လွှာကနေ ခုန်ချတာ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း အသေးစိတ်တော့ ဘာမှမသိရသေးဘူး။ ရဲတပ်ဖွဲ့ကပဲစုံစမ်းမှုတွေလုပ်နေပါတယ်”လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Duwun ကို ပြောပါတယ်။



ခုန်ချတဲ့ ရဲတပ်သားက အရက်သေစာသောက်စားသူဖြစ်ပြီး အရက်ကြောင်ကြောင်ကာ အခုလိုခုန်ချတာဖြစ်နိုင်တယ်လို့ ဦးအောင်ကျော်ကျော်ဦးက သုံးသပ်ပါတယ်။ ရဲတပ်သားရဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ လှိုင်မြို့နယ် စခန်းမှူးကို Duwun က ဖုန်းဖြင့်ဆက်သွယ်တဲ့ အခါမှာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဖြစ်စဉ်မှန်ကန်ကြောင်းသာ အတည်ပြုပြောဆိုနိုင်ခဲ့ပြီး သေဆုံးသူရဲတပ်သားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့အနေနဲ့သာ အတည်ပြုပြောကြားနိုင်မှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က