ရပ်ကွက်အတွင်း ဝင်ထွက်သွားလာနိုင်တဲ့ ရပ်ကွက်လမ်းမကြီးတွေကိုသာ အပြင်လူ အလွယ်တကူ ဝင်ထွက်လို့မရအောင် စီစဉ်နေပါတယ်။

Stay at Home သတ်မှတ်ခံထားရတဲ့ မန္တလေးခရိုင်သုံးမြို့နယ်ထဲပါဝင်တဲ့ မြို့ရဲ့အဓိကလမ်းမကြီးတွေကို ယာဉ်ဝင်ထွက်သွားလာခွင့်ပိတ်ပင်မှုလုပ်ဆောင်မှာမဟုတ်ဘဲ ရပ်ကွက်အတွင်းက အဝင်အထွက် လမ်းသွယ်တွေကိုသာ ဝင်ထွက်သွားခွင့်အချို့ကန့်သတ်ဖို့အတွက်တော့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းဝင်ထွက်သွားလာနိုင်တဲ့ ရပ်ကွက်လမ်းမကြီးတွေကိုသာ အပြင်လူအလွယ်တကူဝင်ထွက်လို့မရအောင် သက်ဆိုင်ရာမြို့နယ်နဲ့ရပ်ကွက် အလိုက်စီစဉ်နေတာပဲဖြစ်ပါတယ်။ "ပိတ်ဖို့တော့ မရှိပါဘူး၊ ပိတ်တဲ့ကိစ္စကကျွန်တော်တို့သွားလုပ်လို့သိပ်အဆင်မပြေဘူးလေ၊ ကျွန်တော်တို့က တော့ ရပ်ကွက်အတွင်းလမ်းတွေကိုပဲ အဓိကထားပြီးတော့ (တခြားမြို့နယ်တွေက)မဖြတ်မသန်းကြဖို့ဘဲ အဓိကထားပြီးတော့လုပ်ကြမှာပါ၊ ကျွန်တော်တို့က တော့ ရပ်ကွက်အဓိကလမ်းတွေကိုပဲ ပိတ်ဖို့လုပ်မှာပါ" လို့ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကပြောပါတယ်။



စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ မြို့နယ်သုံးခု Stay at Home သတ်မှတ်ခံထားရတဲ့ မန္တလေးမြို့ရဲ့အခြေအနေဟာ ကောလာဟလနဲ့အတည်ပြုချက်မရှိတဲ့သတင်းတွေကြောင့် အများပြည်သူစိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့ကြရပြီး ဒီကနေ့မှာတော့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက အစိုးရထုတ်ပြန်တဲ့ Stay at Home ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကိုဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ဈေးဝယ်ခွင့်ကတ်ပြား၊ ဆေးရုံဆေးပေးခန်းသွားလာခွင့်ကတ်ပြားတွေထုတ်ပေးနေတာတွေလည်းပါပြီး မလိုအပ်ဘဲအပြင်မထွက်ကြဖို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က မေတ္တာရပ်ခံတိုက်တွန်းပြောဆိုတာတွေရှိပါတယ်။

"အပြင်ထွက်တာနဲ့ပတ်သက်လို့တော့ ဈေးဝယ်ခွင့်ကတ်ဆိုတဲ့အဖြူရောင်ကတ်တွေလိုက်ဝေပါမယ်၊ ဆေးရုံဆေးခန်းသွားခွင့်အနေနဲ့ကတော့ တစ်ခါသွားရင် နှစ်ယောက်ပေါ့နော် အဲဒါတွေကို သက်ဆိုင်ရာရာအိမ်မှူးတွေကနေတစ်ဆင့် ဆေးခန်းသွားချင်ရင်ထုတ်ပေးပါလိမ့်မယ် လမ်းဖြတ်သန်းမှုနဲ့ပတ်သက်လို့ တော့ ရပ်ကွက်အတွင်းလမ်းတွေကိုတော့ အခြားမြို့နယ်ကကားတွေဖြတ်သန်းသွားလာခွင့်မပေးထားပါဘူး" လို့ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖေသက်ထွန်းကပြောပါတယ်။

Stay at Home သတ်မှတ်ခံထားရတဲ့ မန္တလေးခရိုင်အတွင်းက မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ် နဲ့ အမရပူရမြို့နယ်တို့က လမ်းမကြီးတွေအပါအဝင် မြို့ရဲ့အဓိကမိန်းလမ်းမကြီးတွေမှာဒီကနေ့အထိ ယာဉ်နဲ့လူသူအသွားအလာမပြတ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က