ဓမ္မဝါဒီသီလရှင်ကျောင်းတိုက်မှ ဆရာလေးများဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ထုတ်ပြန်ချက်စာရင်းအရ အင်းစိန်က ပိုးတွေ့လူနာသစ် (၁၂)ဦး ပါဝင်ခဲ့ပါတယ်။

ထပ်တိုးလူနာ (၁၂)ဦးမှာ (၆)ဦးက အင်းစိန်မြို့နယ် မြို့သစ် (ဂ)ရပ်ကွက်၊ ဓမ္မဝါဒီသီလရှင်ကျောင်းတိုက်မှ ဆရာလေး (၆)ပါးဖြစ်တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့အခုကတော့ အဲဒီကျောင်းတိုက်က သီလရှင် (၆)ပါးပါတယ်ဆိုတာပဲ သိရသေးတယ်။ ဘာအချက်အလက်မှမသိရသေးဘူး။ အဲဒီကျောင်းတိုက်က သတင်းသုံးဆောင်တဲ့ သီလရှင်က အပါး (၄၀)ကျော်လောက်တော့ရှိမယ် ထင်တယ်”လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။



အင်းစိန်က ကိုဗစ်ပိုးကူးစက်မှု အခြေအနေက ဘုန်တော်ကြီးကျောင်းတိုက်တွေနဲ့ သီလရှင်ကျောင်းတိုက်တွေအထိကူးစက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ သံဃာအပါး (၅၀၀)ကျော်သတင်းသုံးနေထိုင်တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာလည်း သံဃာအပါး (၃၅၄)ပါးအထိ ကူးစက်မှု ခံထားရတာလည်းဖြစ်ပါတယ်။

 ပရိယတ္တိ စာသင်တိုက်မှာက ကိုရင်နှစ်ပါး ပိုးတွေ့ရာကနေ အစပြုပြီး ဆရာတော် သံဃာတော်အားလုံးကို စစ်ဆေးခဲ့ရာမှာ (၃၀၀)ကျော်ထိပိုးတွေ့ခဲ့တာပါ။ ယခုပိုးတွေ့ရှိတဲ့ သီလရှင်ကျောင်းတိုက်က ဆရာလေးတွေကိုလည်း ရောဂါပိုး ရှိ၊မရှိ စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အင်းစိန်မှာတော့ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ (၆၄၅)ဦးရှိနေပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာသစ် (၈၉၇)ဦး တိုးခဲ့ပြီး သေဆုံးလူနာလည်း (၃၀)ဦးတိုးခဲ့ပါတယ်။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ (၁၁၆၃၁)ဦးရှိကာ သေဆုံးလူနာ (၂၅၆)ဦးရှိပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က