စက်တင်ဘာလကုန်ကနေ အောက်တိုဘာလကုန်ထိ တိုးမြှင့်ခဲ့တာပါ။

တစ်နိုင်ငံလုံးအတိုင်းနဲ့ သတ်မှတ်ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို အောက်တိုဘာလကုန်ထိ တစ်လတိတိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ကိုဗစ် ထိန်းချုပ် ၊ကာကွယ်၊ကုသရေးကော်မတီက ဒီကနေ့ ညမှာထုတ်ပြန်ခဲ့ပါတယ်။

သတ်မှတ်စည်းကမ်းတွေကို ထပ်မံတိုးမြှင့်ကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ကြေညာခဲ့ပြီးယခုလည်း စက်တင်ဘာလကုန်သတ်မှတ်ထားရာကနေ အောက်တိုဘာလကုန်ထိ ထပ်မံတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။



သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲ လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ၊ရုပ်ရှင်ရုံတွေ ပြည်ပလေကြောင်းလိုင်းခရီးစဉ်တွေအပါအဝင် ဘုရားစေတီနဲ့ ကေတီဗီ ၊နိုက်ကလပ်တွေကအောက်တိုဘာလကုန်ထိ ထပ်မံပိတ်ထားရမှာလည်းဖြစ်ပြီး ညမထွက်အမိန့်တွေလည်းပါဝင်ပါတယ်။

ကိုဗစ် ပထမလှိုင်းကို ထိန်းချုပ်နိုင်ခဲ့တဲ့ အချိန်မှာတော့ စားသောက်ဆိုင်တွေကို ကိုဗစ်သတ်မှတ်ချက်တွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပေမယ့် လက်ရှိကိုဗစ်ဒုတိယလှိုင်း ကူးစက်မှု အလွန်မြန်ဆန်လျှက်ရှိလာကြောင့် ဆိုင်တွေကို ယခင်အတိုင်း ပါဆယ်စနစ်တွေနဲ့သာ ပြန်လည်ရောင်းချခွင့်ပြုထားပါတယ်။

ကိုဗစ်ဒုတိလှိုင်းမှာက ပထမလှိုင်း ကူးစက်မှုလျှင်မြန်သလို လူနာဦးရေကလည်း အဆမတန်တိုးတက်နေတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းနဲ့ ပြည်နယ်တွေအလိုက် အဝင်အထွက်တွေကို တားမြစ်ကန့်သတ်ထားသလို ရန်ကုန်မြို့တွင်းကအစ တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကို သွားလာခွင့်တွေလည်းပိတ်ထားပါတယ်။ ခွင့်ပြုထားတဲ့ လုပ်ငန်းယာဉ်တွေနဲ့ ဝန်ထမ်းတွေကိုသာ QR passနဲ့သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာသစ် (၈၉၇)ဦး တိုးခဲ့ပြီး သေဆုံးလူနာလည်း (၃၀)ဦးတိုးခဲ့ကာ ထပ်တိုးလူနာ (၈၉၇)ဦးရဲ့ နေရပ်တွေကိုတော့မသိရှိရသေးပါဘူး။

လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ (၁၁၆၃၁)ဦးရှိကာ သေဆုံးလူနာ (၂၅၆)ဦးရှိပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က