ဖော်ပြပါလုပ်ငန်းများက ဝန်ထမ်းကဒ်တွေနဲ့ လုပ်ငန်းခွင်ကို သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ကာလမှာ လုပ်ငန်းခွင်သွားလာနိုင်ရန်အတွက် QR Pass များ ထုတ်ပေးလျက်ရှိပြီး ယနေ့ (စက်တင်ဘာလ ၂၉ ရက်) မနက်ပိုင်းမှာတော့ QR Pass မလိုအပ်တဲ့ လုပ်ငန်းအမျိုးအစားများကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က‌ ကြေညာလိုက်ပါတယ်။



ဘဏ်လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စူပါမားကတ်များ၊ စက်သုံးဆီအရောင်းဆိုင်များနဲ့ သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများတွင် လုပ်ကိုင်နေတဲ့ ဝန်ထမ်းများ၊ လုပ်သားများအနေနဲ့ QR Pass ပြုလုပ်ရန် မလိုဘဲ သက်ဆိုင်ရာ ကုမ္ပဏီ၊ လုပ်ငန်းများရဲ့ ဝန်ထမ်းကဒ်ဖြင့် လုပ်ငန်းခွင်ကို သွားရောက်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းခွင်သွားရောက်ရန်အတွက် QR Pass များကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရာများ အခက်အခဲများကြုံတွေ့လာခဲ့ပြီးတဲ့နောက် အထက်ပါ လုပ်ငန်းအမျိုးအစား (၅) မျိုးကို ဝန်ထမ်းကဒ်နဲ့ သွားလာခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် ၁၀၈/၂၀၂၀ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့်ပြည်သူများအနေနဲ့ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း၊ သီးခြားခွင့်ပြုထားသောလုပ်ငန်းများမှအပ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေနဲ့ အိမ်မှနေ၍လုပ်ငန်းဆောင်ရွက်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဥ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဥ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန် ကြေညာထားခဲ့ပါတယ်။

အထက်ပါအစီအစဉ်ကို လူထုက လိုက်နာမှုအားနည်းတဲ့အတွက် စက်တင်ဘာလ ၂၈ ရက်ကစတင်ပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုနဲ့တစ်ခု အသွားအလာများကို စစ်ဆေးလျက်ရှိပြီး ခွင့်ပြုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် QR Pass များပါမှသာ မြို့နယ်ဖြတ်ကျော်သွားလာခွင့်ပြုနေတာ ဖြစ်ပါတယ်။

အလုပ်ကိစ္စအတွက်မဟုတ်ဘဲ ‌စျေးသွားခြင်း၊ ဆေးရုံဆေးခန်းသွားခြင်းများအတွက် QR Pass ရယူရန်မလိုအပ်ဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စျေးသွားမယ်ဆိုရင် တစ်အိမ်တစ်ယောက်နှုန်း၊ ဆေးရုံဆေးခန်းအတွက် ယာဥ်မောင်းတစ်ဦး၊ လူနာနဲ့ အဖော်တစ်ဦး သွားလာခွင့် ပြုထားပါတယ်။

စက်တင်ဘာ (၂၄) ရက်ကနေ အောက်တိုဘာ (၇) ရက်အထိ Stay Home သတ်မှတ်ထားပြီး အစိုးရဝန်ထမ်းတွေအနေနဲ့ (၂) ပတ်ရုံးတက် (၂) ပတ်အိမ်မှာနေတဲ့ ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ အသားငါး အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတွေ၊ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ တာဝန်ထမ်းဆောင်နေသူတွေက ပုံမှန်အတိုင်းသွားရောက်ရန် စက်တင်ဘာ ၂၀ ရက်ညက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က