ရထားတွဲဟောင်းတစ်တွဲသာ ပျက်စီးမှုရှိခဲ့ပါတယ်။
Minn Nandar

မန္တလေးဘူတာကြီးရဲ့တောင်ဘက် မီးရထားဝင်းအတွင်းက ရထားတွဲဟောင်းတွေထားရှိတဲ့နေရာမှာ ဒီနေ့မနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ရထားတွဲဟောင်းတွေထားရှိတဲ့ ရပ်ဝန်း၉လမ်းနေရာ(ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက်၊ ၇၈ လမ်းနဲ့ ၇၉ လမ်းကြား၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြား)က အထက်တန်းအိပ်ခန်းဟောင်းရထားတွဲအမှတ် ၁၂၆၇၀ မီးလောင်မှုဖြစ်တာလို့သိရပြီး အဲဒီမီးလောင်မှုက ရထားတွဲဟောင်းများအနီး စုပုံထားတဲ့အမှိုက်ပုံတွေကတစ်ဆင့် စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနကစစ်ဆေးဖော်ထုတ်မှတ်ချက်ပြုထာပါတယ်။

ဒီမီးလောင်မှုကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ဒုတိုင်းမီးသတ်ညွှန်ကြားရေးမှူးဦးဌေးဝင်းဦးဆောင်တဲ့မီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး၊ အရန် ၇၀ ဦၤး၊ မီးငြှိမ်းသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Photo Kyal Phyu

မီးလောင်မှုကြောင့် ရထားတွဲအမှတ်၁၂၆၇၀ ရဲ့အတွင်းပိုင်းအိပ်စင် ၆ လုံးခန့်နဲ့ နံရံအမိုးတန်းတွေမီးလောင်ခဲ့ရကြောင်း၊ အဆိုပါရထားတွဲတွေဟာ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံက နေ လက်ဆောင်ပေးထားတဲ့ရထားတွဲတွေဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာသက်တမ်းလွန်ပျက်ယွင်းနေလို့ မြစ်ငယ်မီးရထားပြင်စက်ရုံဆီပို့ဆောင်ဖို့အတွက် အဲဒီနေရာမှာရပ်ထားတဲ့ရထားတွဲ တွေဖြစ်ကြောင်း၊ စုစုပေါင်း ၁၂ တွဲရပ်ထားတာဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က