စစ်ဆေးမှုများတဲ့အတွက် ပိုးတွေ့မှုလည်းများနိုင်တယ်လို့သိရပါတယ်။

COVID-19 ရောဂါပိုး ရှိ မရှိကို မိနစ်အနည်းငယ်အတွင်း သိရှိနိုင်မယ့် Test-kitနဲ့ စစ်ဆေးမှုကို ရန်ကုန်မှာ ဒီကနေ့ (စက်တင်ဘာလ ၂၉ ရက်) စတင်ပြုလုပ်မှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

 Test-kit စမ်းသပ်ကိရိယာနဲ့ စစ်ဆေးမှုကို ရန်ကုန်က ဆေးရုံကြီး ၉ ခုမှာ  ကနဦး စတင်စစ်ဆေးမှာဖြစ်တာကြောင့် ၊စစ်ဆေးမှုများတဲ့အတွက် ပိုးတွေ့မှုလည်းများနိုင်တယ်လို့သိရပါတယ်။



 “ Test-kit အဓိတော့ ကိုဗစ်-၁၉ လူနာတွေ ရှာဖွေရေးလုပ်ငန်းမှာ အထောက်အကူပြုအောင်ဆောင်ရွက်တာပါ။ပထမဆုံးအနေနဲ့ ဆေးရုံကြီး ၉ ရုံမှာစတင်ဆောင်ရွက်သွားမယ်။ရန်ကုန်က ဆေးရုံကြီး ၉ ခုမှာစတင်မယ်။ဒုတိယအနေနဲ့ ဆေးရုံတွေ ဆက်လုပ်ဖို့လည်း စီစဉ်ထားပါတယ်။ "လို့ ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ် ။

Test-kit စတင်စစ်ဆေးမယ့် ဆေးရုံ ၉ ခုကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး မြောက်ဥက္ကလာဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး နဲ့ သန်လျင်ဆေးရုံ တွေပဲ ဖြစ်ပါတယ်။

ကိုဗစ် ရှိမရှိကို နာရီပိုင်းအတွင်း စစ်ဆေးနိုင်မယ့် Test-kit

ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတဲ့အခါ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းတွေကိုစစ်ဆေးမှာ ဖြစ်ပြီး ဒုတိယအနေနဲ့ သံသယစောင့်ကြည့်လူနာ (PUI) တွေကို စစ်ဆေးဆောင်ရွက်ဖို့လျာထားကြောင်း၊ တတိယအနေနဲ့ မူအရေးပေါ်ခွဲစိတ်ဖို့လိုအပ်သူတွေဖြစ်တဲ့ မီးဖွားခြင်းဖြစ်စေ၊အရိုးကြောင့်အရေးပေါ်ခွဲစိတ်ရခြင်းဖြစ်စေ စတဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်သူတွေကို Covid ပိုးရှိမရှိ စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 Test Kit စမ်းသပ်ကိရိယာဟာ ကိုဗစ်ပိုးရှိမရှိကို နာရီပိုင်းအတွင်း သိရှိနိုင်တာကြောင့် ပိုပြီးထိရောက် ကုသမှုတွေပေးနိုင်တဲ့အပြင် ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကို အရေအတွက်များများ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံမှာတော့ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၀၀၀၀ ကျော်အထိ ရှိနေပြီ ဒီထဲမှာ ရန်ကုန်တိုင်းက အတည်ပြုလူနာ အများဆုံးဖြစ်နေပါတယ် ။ ဒါကြောင့် ရန်ကုန်ကို တင်းကြပ်တဲ့ Stay Home စနစ်ကျင့်သုံးပြီး ကိုင်တွယ်နေပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က