MPT Money အနေနဲ့ Online ကစျေးဝယ်နိုင်တဲ့နေရာတွေဖြစ်တဲ့ Hi-So ၊Zay Chin Mart ၊ Oway Fresh နဲ့ e-commerce (rgo47) တို့နဲ့လည်း ပေါင်းဆောင်ရွက်ထားပါတယ်။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေကြောင့် Online ပေါ်က ဈေးဝယ်ပြီး အိမ်အရောက်ပို့ဆောင်တဲ့ စနစ်တွေဟာ လက်ရှိမှာ အများပြည်သူရဲ့ နေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းတွင် မရှိမဖြစ်အရေးပါနေတာကြောင့် MPT Money ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ သုံးစွဲသူတွေအတွက် လွယ်ကူစိတ်ချရတဲ့ ငွေသားမဲ့စနစ် ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်အောင် အခုလို ပူးပေါင်းဆောင်ရွက် လိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
Saint Sandy Htet

ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ MPT Money ဟာ  ငွေလွှဲဝန်ဆောင်မှု၊ ငွေထုတ်ဝန်ဆောင်မှု ဖုန်းဘေလ်ဖြည့်သွင်းတာ၊ ဒေတာ ပက်ကေချ့် ဝယ်ယူတာ၊ Online/Offline ငွေပေးချေတာ စျေးဝယ်တာ၊ အင်တာနက်ဘေလ်ဆောင်တာ၊  အခွန်ဆောင်တာ၊  MPT Money ကိုယ်စားလှယ်တွေနဲ့ CB Bank ATM၊ AYA Bank ATM စက်တွေမှာ  ငွေသွင်း၊ငွေထုတ်ပြုလုပ်တာတာတွေအပြင် မီတာဘေလ်ပေးဆောင်တာအတွက်ပါ နေရာမရွေး အချိန်မရွေး ဆောင်ရွက်နိုင်ဖို့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် MPT Money အနေနဲ့ Online ကစျေးဝယ်နိုင်တဲ့နေရာတွေဖြစ်တဲ့  Hi-So ၊Zay Chin Mart ၊ Oway Fresh နဲ့ e-commerce (rgo47) တို့နဲ့လည်း ပေါင်းဆောင်ရွက်ထားပါတယ်။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေကြောင့် Online ပေါ်က ဈေးဝယ်ပြီး အိမ်အရောက်ပို့ဆောင်တဲ့ စနစ်တွေဟာ  လက်ရှိမှာ အများပြည်သူရဲ့ နေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းတွင် မရှိမဖြစ်အရေးပါနေတာကြောင့် MPT Money ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ သုံးစွဲသူတွေအတွက် လွယ်ကူစိတ်ချရတဲ့ ငွေသားမဲ့စနစ် ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်အောင် အခုလို ပူးပေါင်းဆောင်ရွက် လိုက်တာ ဖြစ်တယ်လို့သိရပါတယ်။


MPT Money အသုံးပြုပြီး Hi-So နဲ့ Zay Chin Mart မှ ကုန်ပစ္စည်း ဝယ်ယူမယ်ဆိုရင် ငွေလွှဲဝန်ဆောင်ခလုံးဝပေးစရာမလိုပါ။ ဒါ့အပြင် MPT Money မှတဆင့် ငွေချေမှုတိုင်းအတွက်သတ်မှတ်ထားသော ငွေပမာဏအလိုက် ၁၀ ရာခိုင်နှုန်း ကို E-money ပြန်အမ်းငွေ အဖြစ် MPT Moneyအကောင့်ထဲ့သို့ ပြန်လည်ထည့်သွင်းပေးဦးမှာပါ။ ဒါ့တွေအပြင်MPT Money အကောင့်ကနေ MPT ဆင်းမ်ကတ် တွေအတွက် ဖုန်းငွေဖြည့်မယ်ဆိုရင်  ပြန်အမ်းငွေ ၁၀%  ကို  e-money အဖြစ် [သတ်မှတ်ထားသည့် ပမာဏအတွင်း] ရရှိဦးမှာဖြစ်ပါတယ်။

JO JO Hotpot,  ခိုင်ခိုင်ကျော်, Bread Talk, Little boss နဲ့ Marry Brown စတဲ့ စားသောက်ဆိုင်တွေမှာလည်း MPT Money အကောင့်နဲ့ ငွေပေးချေမှုတွေ ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ အခြား Digital Payment အနေနဲ့ CANAL+ ရုပ်သံလိုင်းတွေအတွက် ငွေဖြည့်သွင်းတာ၊ Ananda စက်တွေအတွက် ငွေဖြည့်ပြီး သက်တမ်းတိုးတာတွေနဲ့ Game ကစားတဲ့သူတွေအတွက် ဂိမ်း Item တွေမှာယူပြီး Steam Wallet အတွက် ငွေပေးချေမှုတွေကိုပါ MPT Money အကောင့်ကနေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ချေးငွေဝန်ဆောင်မှုတွေအနေနဲ့ လယ်သမားတွေအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို MPT Money ကတစ်ဆင့် ထုတ်ယူနိုင်ဖို့ MADB နဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး အသေးစား အလတ်စား ငွေချေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် Vision Fund နဲ့ ပူးပေါင်းဆောင်ရွက်ထားတာကြောင့် MPT Money အကောင့် ရှိရုံနဲ့ အလွယ်တကူ ငွေပေးချေတာတွေပြုလုပ်နိုင်မှာပါ။

ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို အသုံးပြုမှု မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံက E-commerce ကုမ္ပဏီတွေရဲ့ ငွေသားမဲ့စနစ် ပြောင်းလဲမှုကို အ​ထောက်အပံ့ဖြစ်​စေမှာ ဖြစ်ပါတယ်။ MPT Money ဒီဂျစ်တယ်​ငွေ​ကြေး ဝန်ဆောင်မှုအ​နေနဲ့  အသုံးပြုသူတွေရဲ့ ငွေကြေးတွေကို လုံခြုံစိတ်ချစွာ၊ မြန်ဆန်ချောမွေ့စွာနှင့် အဆင်ပြေ သက်သာစွာ စီမံခန့်ခွဲနိုင်အောင် ကြိုးစားလုပ်ဆောင်နေပြီး နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀မှာ MPT Money ကိုယ်စားလှယ် ၂၇,၀၀၀ ကိုလည်း ဖြန့်ကျက်ထားနိုင်ပြီဖြစ်ပါတယ်။

MPT Money အက်ပလီကေးရှင်းကို မည်သည့် မိုဘိုင်းလ်ကွန်ရက်နဲ့ မဆို အသုံးပြုနိုင်ပြီး Android အသုံးပြုသူတွေအနေနဲ့ http://bit.ly/MPTMoneyAndroid မှာ download ရယူနိုင်ကာ iOS အသုံးပြုသူတွေအနေနဲ့ကတော့ http://bit.ly/MPTMoney_iOS မှာ download ရယူနိုင်ပါတယ်။MPT Money နဲ့ ပတ်သက်ပြီး အချက်အလက်များပိုမိုသိရှိလိုတယ်ဆိုရင် ၉၉၀ သို့မဟုတ် ၀၁၂၃၂၃၉၉၀ ကို ဆက်သွယ်ခေါ်ဆိုတာ ဒါမှမဟုတ် MPT Money Official Facebook Page www.facebook.com/MPTMoneyOfficial  မှာ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။








Author


က္က