သေဆုံးသူတွေထဲမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတယ်လို့သိရပါတယ်။
Ye Yint Htay

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဆေးရုံတစ်ခုတည်းမှာ သီးခြားထားရှိ ကုသမှုပေးဖို့အတွက် လုပ်ဆောင်နေပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ထားရှိကုသပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

အခုလို ကျန်းမာရေးဝန်ထမ်းတွေကို သီးခြားထားရှိကုသမှုပေးဖို့ဆောင်ရွက်နေတာဟာ ခွဲခြားပြီး ဦးစားပေးလုပ်ဆောင်ခြင်းမျိုးမဟုတ်ဘူးလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန မှညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ "ကူစက်ခံထားရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်းတွေကို တနေရာထဲမှာပဲ စုစုစည်းစည်း ကုသမှုပေးနိုင်ဖို့ပြင်ဆင်နေတယ်။

ရန်ကုန်ဆေးရုံသစ်ကြီး( ရန်ကုန်ဆေးရုံသစ်ကြီး(JICA)ကို ICU နဲ့ ကျန်တာလိုအပ်တာဖြည့်ပြီးတော့ ထားနိုင်ဖို့ပြင်ဆင်နေတယ်။ရက်ပိုင်းအတွင်းစတင်နိုင်မှာဖြစ်ပါတယ် နဂိုထဲကလည်းအဆင်ပြေပြေရှိနေတယ်၊ တခြားလိုအပ်တာလေးပဲထပ်ဖြည့်ရမှာဖြစ်လို့ အဆင်ပြေပါတယ်။"လို့ ဒေါက်တာခင်ခင်ကြီးကဆိုပါတယ်။ 

လက်ရှိမှာတော့ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် မှာရှိတဲ့ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဆေးရုံတစ်ခုထဲမှာ ကုသမှုပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ်ဒုတိယလိူင်းမှာ ရောဂါကူးစက်မှုခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ရန်ကုန်တိုင်းအတွင်း (၁၀၀) ကျော်နဲ့ ရခိုင်ပြည်နယ်မှာ (၅၀) ကျော် စုစုပေါင်း ၁၅၀ ကျော် ရှိနေပြီး သေဆုံးသူတွေထဲမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတယ်လို့သိရပါတယ်။

လက်ရှိ ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတစ်ခုတည်းမှာတင် ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်း အယောက် (၄၀) ခန့် ကူးစက်ခံထားရတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ည၈ နာရီအထိ ကိုဗစ်အ-၁၉ အတည်ပြုလူနာပေါင်း (၁၁၆၃၁) ဦးအထိ ရှိနေပြီး သေဆုံးသူကလည်း ၂၅၆ ဦးရှိနေခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က