ဒါကြောင့် ရောဂါထိန်းချုပ်မှုကို အချိန်အတော်ကြာလုပ်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်လူနာတွေနဲ့ ထိတွေ့သူ (၁၀၀) မှာ (၁၈) ယောက်နှုန်းက ရောဂါကူးစက်ခံနေရတာဖြစ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါ မဟုတ်တော့ဘူးလို့ ကြေညာတဲ့အချိန်အထိ ဆက်လုပ်ရဦးမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေး) ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၉) ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး အမေးအဖြေကဏ္ဍမှာ ပြည်သူတွေ ပေးပို့ထားတဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေကို ရှာဖွေထိန်းသိမ်းရေးတွေ ဘယ်လောက်ကြာကြာဆက်လုပ်သွားမလဲဆိုတဲ့ အမေးကို ဒေါက်တာသန္တာလွင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။



“ ထိတွေ့သူတွေကို ရှာဖွေတာ အချိန်နောက်ကျရင် ထပ်ဆင့်ကူးစက်မှုတွေ အခွင့်အလမ်းအရမ်းများနိုင်ပါတယ်။ တစ်ဆကနေ နှစ်ဆ ရုတ်တရက်အမြန်ဖြစ်သွားနိုင်ပါတယ်။ အရေးကြီးတာက ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေကို မြန်မြန်ဆန်ဆန် ကွာရန်တင်းထားရမှာပါ။ ထိတွေ့သူ (၁၀၀) မှာ (၁၈) ယောက်က ရောဂါကူးစက်ခံရနေရပါတယ်။ ဒါကြောင့် ရောဂါထိန်းချုပ်မှုကို အချိန်အတော်ကြာလုပ်ရဦးမှာပါ။ "လို့ ဒေါက်တာ သန္တာလွင်က ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက်တွေကို လိုက်နာမှသာလျှင် နောက်ပိုင်းမှာ ဖြေလျှော့မှုတွေ ရှိလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းတုန်းကပြည်သူတွေ စည်းကမ်းလိုက်နာမှုတွေ ကြောင့် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အခု ဒုတိယလှိုင်းမှာတော့ ကြိုးစားနေရဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာကြဖို့ ၊ မိမိကိုယ် မိမိသံသယရှိရင် ချက်ချင်းကျန်းမာရေးဌာနတွေ ဆီ ဆက်သွယ်ဖို့နဲ့ အိမ်မှာ ဆေးမြီးတိုနဲ့ ကုသတာတွေ မလုပ်ဖို့ကိုလည်း ဒေါက်တာ သန္တာလွင်က တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေ သိလိုတဲ့ အချက်တွေ၊ မေးခွန်းတွေကို တီဗွီက တစ်ဆင့် ပြန်လည်ဖြေကြားပေးမှာဖြစ်တဲ့အစီအစဉ်ကို ဒီနေ့မှာ စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာရဲ့ https://www.facebook.com/MinistryOfHealthAndSportsMyanmar/photos/a.281312618564717/3820286061334004/ ပို့စ်အောက်မှာ comment ရေးနိုင်သလို chat box နဲ့ covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာကိုလည်း ပေးပို့ မေးမြန်းနိုင်တယ်လို့ ကြေညာထားပါတယ်။

မေးခွန်းတွေကိုတော့ ဖြေကြားမယ့်နေ့ မတိုင်မီ အနည်းဆုံး(၁) ရက် ကြိုတင်ပြီး နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပြီး ဖြေကြားမယ့်အစီအစဉ်ကို အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က