ကိုဗစ်နဲ့ပတ်သက်ပြီးသိလိုသမျှမေးမြန်းခေါ်ဆိုမှုတွေဟာ စက်တင်ဘာလအတွင်း အများဆုံးဖြစ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး သိလိုသမျှတွေကို ဖြေကြားပေးတဲ့ Call Center 2019 ကို ဆက်သွယ်မေးမြန်းသူဟာ တစ်နေ့ကို ၂ သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ပြည်သူတွေ သိလိုတဲ့အချက်တွေကို ဖြေကြားပေးနိုင်ဖု့ိအတွက် အဆိုပါ Call Center 2019 ကို ဧပြီလက စတင်ဖွင့်ထားခဲ့ပြီး ပြည်သူတွေ မေးမြန်းချက်တွေကို ဖြေကြားနိုင်ဖို့ ဝန်ထမ်းဆရာဝန် (၄၅) ဦးနဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းကဆရာဝန် (၁၅) ဦး တာဝန်ယူပြီး နေ့စဉ် မနက် (၈) နာရီကနေ ည (၈) နာရီအထိ ဖြေကြားပေးခဲ့တဲ့အပြင် (၂၄) နာရီပတ်လုး စက်က အလိုအလျေက် ဖြေကြားပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



ဒါ့အပြင် စက်တင်ဘာလက စပြီး ရခိုင်ဘာသာနဲ့ မေးမြန်းခြင်းကို ဖြေဆိုနိုင်ရန် ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ Call Center စတင်ခဲ့တဲ့ ဧပြီလမှာ တစ်နေ့ကို အကြိမ် (၅၅၀)၊ မေလမှာ အကြိမ် (၂၅၀)၊ ဇွန်လနဲ့ ဇူလိုင်လမှာ အကြိမ်ရေ (၅၀) ကနေ (၁၀၀) ထိဖြေဆိုပေးခဲ့တယ်လို့လည်း သိရပါတယ်။

စက်က အလိုအလျောက်ဖြေကြားမှုအနေနဲ့ ဧပြီနဲ့ မေလမှာ တစ်နေ့ကို တစ်သိန်းခွဲမှ နှစ်သိန်း၊ ဇွန်လနဲ့ ဇူလိုင်လမှာ (၃) သောင်းကနေ (၆) သောင်းခန့် ရှိပြီး စက်တင်ဘာလမှာတော့ တစ်နေ့ကို အကြိမ် (၂) သိန်းကျော်ဖြေကြားလျက်ရှိတယ်လို့လည်း ဝန်ကြီးဌာနက ပြည်သူသို့ အသိပေးချက် မှာ ရေးသားဖော်ပြထားပါတယ်။

ကိုဗစ်ပထမလှိုင်းအတွင်း ဖုန်းခေါ်ဆိုမှု အများဆုံးဒေသကတော့ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ ဖြစ်ပါတယ်။ အခုဒုတိယလှိုင်းမှာတော့ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့က အများဆုံးဖုန်းခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ် လှိုင်းနှစ်ခုလုံးမှာ စုစုပေါင်း ဖုန်းခေါ်ဆိုမှုရဲ့ ၄၃ရာခိုင်နှုန်းဟာ ကျေးလက်ဒေသက အများဆုံးဖြစ်ပြီး နာဂဒေသကဲ့သို့ ဝေးလံခေါင်ဖျားတဲ့အရပ်တွေက ခေါ်ဆိုမှုတွေလည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပြည်သူတွေ သိလိုသမျှတွေကို သမားတော်ကြီးတွေက ဖြေကြားပေးမယ့်အစီအစဉ်ကို အပတ်စဉ် အဂါၤ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြသမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သိလိုသမျှတွေကို မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

သမားတော်ကြီးတွေကပြန်လည်ဖြေကြားပေမယ့်အစီအစဉ်မှာလည်း တစ်ရက်တည်းနဲ့ ဆက်သွယ်မေးမြန်းလာသူ (၃၀၀) ကျော်ရှိခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၂၈) ရက်ကပြုလုပ်တဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပြည်သူ့သို့တင်ပြခြင်း အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က