မိသားစုလိုက် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရပြီး ဆေးကုသမှုခံယူနေတဲ့ (၉၈)နှစ်အရွယ် အဘွားတစ်ဦး ရောဂါပျောက်ကင်းကာ ဆေးရုံက ဆင်းခွင့်ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။



အဆိုပါ အဘွားက ပုသိမ်က ကိုဗစ်လူနာတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပြီး စက်တင်ဘာလ (၂၉)ရက်နေ့ကပဲ ဆေးရုံက ဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့မှာ အဘွားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်။ ဘာလို့လဲဆို အဘွားကအသက်လည်းအရမ်းကြီးနေပြီဆိုတော့ ဒီရောဂါဒဏ်ကို ခံနိုင်ပါ့မလားဆိုတာပါ။ ဆေးရုံတက်နေတဲ့ကာလတစ်လျှောက်မှာလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ နေထိုင်စားသောက်မှုပုံစံတွေကအစ စနစ်တကျနဲ့ လုပ်ခဲ့တာပါ။ အခုလိုရောဂါပျောက်ကင်းသွားတာတော့ မိသားစုတွေနဲ့ ထပ်တူ ပျော်ရွှင်ရတာပေါ့ဗျာ”လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က Duwun ကိုပြောပါတယ်။ 

အဖွားတို့က မိသားစုလိုက် ကိုဗစ်ကူးစက်ခံရတာဖြစ်ပြီး အဲဒီမှာ အသက် (၉၈)နှစ်အရွယ် အဖွားပါသလို အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ခဲ့တာပါ။ လက်ရှိမှာ အဆိုပါ အသက် (၅)နှစ်အရွယ် ကလေးအပါအဝင် မိသားစု (၆)ဦးလုံးက ရောဂါပျောက်ကင်းကာ ဆေးရုံကဆင်းခွင့်ရထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တစ်မိသားစုလုံးကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မိသားစုအားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်တယ်လိုဒါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိတစ်နိုင်ငံလုံး ကိုဗစ်လူနာ(၁၂၄၂၅) ဦးမှာ ပုသိမ်က (၉၂)ဦးပါဝင်ပါတယ်။ ပုသိမ်က ကိုဗစ်လူနာ (၉၂)ဦးလုံးကကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိပြီး (၃၂)ဦးကတော့ ဆေးရုံက ဆင်းခွင့်ရရှိထားပြီ ဖြစ်ပါတယ်။



Share

Loading Next Article...
က္က