ပုံမှန် မနက်ဈေးတွေကိုလည်းနေ့လယ် (၁၂)နာရီထိသာ ခွင့်ပြုထားတာပါ။

ကိုဗစ်ကာလအတွင်းမှာ နေပြည်တော်က ဈေးတွေအနေနဲ့ အချိန် အကန့်အသတ်နဲ့သာ ဖွင့်လှစ်ရတော့မှာ ဖြစ်ပြီး ညဈေးတွေကိုတော့ လုံးဝရောင်းချခွင့်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

မနက်ပိုင်းဈေးတွေကိုတော့ လုံးဝပိတ်လိုက်တာမျိုး မဟုတ်ဘဲ အချိန်အကန့်အသတ်နဲ့သာ ရောင်းရမှာဖြစ်ပြီး (၁၂)နာရီနောက်ပိုင်းမှာ ရောင်းချခွင့်ပြုတော့မှာ မဟုတ်ပါဘူး။



“ဈေးတွေ ပိတ်တာတော့ မဟုတ်ဘူး။ ရောင်းချချိန် ကန့်သတ်တာပါ။ ညဈေးပေါ့လေ။ အဲ့ဒါကတော့ နှစ်ပတ်လောက် ပိတ်တာပေါ့။ ဈေးတွေဆိုတာကုန်စိမ်း ဈေးတွေကိုက မနက်ပိုင်း ထွက်ရတယ်။ မနက်ပိုင်း ၁၀ နာရီ နောက်ပိုင်း ကျရင် လူတွေက ကျဲသွားတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မလိုအပ်တဲ့ လူစု လူဝေး မဖြစ်အောင် ကုန်ဝယ်ခြမ်းပြီးသွားတဲ့နေ့လယ် (၁၂)ထိသာ ဖွင့်ခွင့်ပေးမှာဖြစ်တယ်”လို့ နေပြည်တော် ကောင်စီဝင် ဦးမင်းသူက Duwun ကိုပြောပါတယ်။

နေပြည်တော်က လူစညးကားရာ ညဈေးတွေဖြစ်တဲ့ မြို့မဈေး၊ သပြေကုန်းဈေးနဲ့ ဗုဗ္ပသီရိ ညဈေးက စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။

ညဈေးတွေမှာက လူစည်းကားတဲ့အတွက် လိုအပ်တဲ့အချိန်ထိ ရက်သတ္တပတ်အလိုက် ပိတ်ထားမှာလည်းဖြစ်ပါတယ်။ လူသုံးကုန် ပစ္စည်းတွေ ၊အထည် လိပ်တွေကိုတော့ ပုံမှန်တိုင်းဖွင့်ခွင့်ပေးထားပြီး ကုန်စိမ်းဈေး ကို အချိန်ကန့်သတ်ချက်နဲ့သာဖွင့်ခွင့်ပေးထားတယ်လို့ ဦးမင်းသူကပြောပါတယ်။

ရောင်းချခွင့်ပေးထားတဲ့ ဈေးသည်တွေအနေနဲ့လည်း mask တပ်ရောင်းချရမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ဈေးရောင်းချခွင့် (၃)ရက် ပိတ်သိမ်းမှာလည်းဖြစ်ပါတယ်။ ဈေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကအစ ရောင်းချသူကော ၊ သုံးစွဲသူတွေကို mask မတပ်ပါက ထိုက်သင့်တဲ့ ဒဏ်ရိုက်မှုတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က