ဒီထောက်ခံပွဲကို NLD ပါတီက ဦးဆောင်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ ပြည်မြို့၊နဝင်းရပ်ကွက်ကနေ လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တက်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်မြို့မှ NLD ပါတီကို ဝန်းရံထောက်ခံကြတဲ့ လူဦးရေ ထောင်ဂဏန်းဝန်းကျင်ခန့်ဟာ NLD အောင်နိုင်ရေး အတွက် ထောက်ခံကြောင်းကို ယာဉ်တန်းတွေနဲ့ လှည့်လည်အင်အားပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။

ဒီထောက်ခံပွဲကို NLD ပါတီက ဦးဆောင်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ ပြည်မြို့၊နဝင်းရပ်ကွက်ကနေ လုပ်ဆောင်တာဖြစ်တယ်လို့ စီတန်းလှည်မှုနဲ့ပတ်သက်ပြီး ပြည်မြို့တိုင်းလွှတ်တော်အမတ်(NLD) ဦးကျော်ဇေယျကပြောပါတယ်။ NLD ပါတီ ထောက်ခံပွဲမှာတော့ ပါတီဝန်းရံသူပေါင်းထောင်ဂဏန်းလောက်ပါဝင်ခဲ့ကြပြီမော်တော်ဆိုင်ကယ်၊ကား၊ သုံးဘီးဆိုင်ကယ်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။  



"NLDပါတီဝန်းရံထောက်ခံသူတွေလုပ်ကြတာပါ။အားပေးမှုကိုတစ်ဦးတစ်ယောက်ချင်းကျေးဇူးတင်တယ်။ကိုဗစ်ကာလဖြစ်လို့ တစ်ယောက်ချင်းကဆင်ခြင်မှသာကျော်လွှားနိုင်မှာဖြစ်လို့ တစ်ဦးချင်းဟာ ကျန်းမာရေးအသိနဲ့နေထိုင်ကြဖို့ပြောချင်ပါတယ်။အဓိကအပြင်ထွက်ရင် Maskတပ်ဖို့ ၊လူစုလူဝေးရှောင်ဖို့ လက်ကိုခဏခဏဆေးဖို့တိုက်တွန်းလိုပါတယ်။"လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ပြည်မြို့က NLD ပါတီ အနေနဲ့ကတော့ လက်ရှိမှာစီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးရေးဆင်းတာတွေ ကိုရပ်နားထားပြီး ကျေးရွာတွေမှာသာ လူ ၅၀ ထက်မပိုတဲ့ မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွေကို ပြုလုပ်နေတယ်လို့် သိရပါတယ်။"ခုလို ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ခုလိုလူစုလူဝေးနဲ့ မဲဆွယ်မှုတွေမလုပ်သင့်ပါဘူး။ ကိုယ့်ရပ့်ကိုယ့်ရွာအတွက် ဒါဟာ အင်မတန်အရေးကြီးတယ်။ ဒီလူအုပ်ထဲကိုသာ ပိုးကူးစက်ခံထားရသူတစ်ယောက်ပါလိုက်မယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိ ဆိုးရွားသွားစေမလဲ။ ကျွန်မတို့ကတော့ ဒါမျိုး အားမပေးဘူး။ "လို့ ပြည်မြို့နေထိုင်သူ ဒေါ်အေးအေးနွယ်ကပြောပါတယ်။

ပါတီအောင်နိုင်ရေး ယာဉ်တန်းနဲ့လှည့်လည်ခဲ့သူတွေထဲမှာ Mask နှာခေါင်းစည်းကိုတပ်ဆင်ထားသူရှိသလို၊ Mask မတပ်ဆင်သူ ၊ Mask ကို မေးစေ့ချိတ်ထားသူတွေလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်။ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် လူစုလူဝေး လုပ်ဆောင်ခြင်းကိုတားမြစ်ထားပြီး လုပ်ငန်းခွင်အတွင်း ဝိုင်းဖွဲ့ ထမင်းစုစားတာကိုပင် ခွင့်မပြုထားကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က အသိပေးချက်ထပ်မံထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က