လက်ရှိကုသမှုပေးနေသူတွေထဲမှာ ပြင်းထန်လူနာမပါဝင်သေးဘူးလို့သိရပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေကို ကုသပေးနေတဲ့ သုဝဏ္ဏ ကိုဗစ်ယာယီဆေးရုံ (ဧရာဝတီစင်တာ) မှာ ကုသမှုခံယူနေသူတွေထဲကမှ လက်ရှိအချိန်ထိ (၂၄၁) ဦး ဆေးရုံကဆင်းသွားပြီလို့ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးက ပြောပါတယ်။

သုဝဏ္ဏကိုဗစ်ယာယီဆေးရုံမှာ ကိုဗစ်လူနာ (၃၅၆) ဦး ကုသမှုပေးနေပြီး ဒီနေ့မှာလည်း ထပ်တိုးလာနေတဲ့လူနာတွေ တဖြည်းဖြည်းဝင်ရောက်လာနေရာ စက်တင်ဘာ (၃၀) ရက် ညနေပိုင်းအထိ ဆိုရင်တော့ လူနာ (၄၀၀) ကျော်လောက်အထိ ရောက်ရှိနေပြီလို့လည်းသိရပါတယ်။



'’ လူနာမနိုင်မနင်းဖြစ်တာမျိုးတော့ မရှိဘူး။ လူနာတွေ ဆေးရုံကဆင်းသွားတာနဲ့ ကျွန်တော်တို့ ဆေးရုံမှာ ဘယ်လောက် လွတ်ပါပြီ။ လူနာ ဘယ်လောက် ထပ်ပို့ ဆိုပြီး ပြောရတာပေါ့။ လက်ရှိ ကုသနေတဲ့လူနာတွေထဲမှာ ပြင်းထန် လူနာတွေတော့ မရှိပါဘူး။ သာမန် ချောင်းဆိုး၊ ဖျားနာ၊ မောတဲ့ လူနာတွေ တော့ ရှိပါတယ်။ ” လို့ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ- ဧရာဝတီစင်တာ (ဒီကနေ့မှာ ဆေးရုံကဆင်းသွားသူတွေကို မြင်ရစဉ်)

သုဝဏ္ဏကိုဗစ်ယာယီဆေးရုံကို စက်တင်ဘာ (၁၈) ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်က လူနာ (၄၀၀) ကျော်လောက်အထိ ထားနိုင်ဖို့ ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မှာ ပိုးတွေ့လူနာတွေ များပြားလာတာကြောင့် သုဝဏ္ဏယာယီဆေးရုံမှာလည်း လူနာ (၉၂၀)အထိ တိုးချဲ့ထားနိုင်ဖို့ ပြင်ဆင်နေပြီး ဒီလကုန်မှာ အပြီးသတ် ပြင်ဆင်ဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့လည်း ဧရာဝတီဖောင်ဒေးရှင်းကနေ သိရပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်ပေးဖို့ လိုအပ်တဲ့ လူနာတွေနဲ့ အထူးကြပ်မတ်ကုသပေးဖို့ လိုအပ်တဲ့လူနာတွေအတွက် ICU/HDU (၇၅) ကုတင်ပါဝင်တဲ့ Critical Care Unit ကိုလည်းအမြန်ဆုံးဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က