ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၂၆၂) ဦးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၉၄၆) ဦးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ (၃၀) ရက် ည ၈ နာရီထုတ်ပြန်ချက်အရ (၂၄) နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ထောင်နီးပါးအထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ (၂၉) ရက် ည (၈) နာရီကနေ စက်တင်ဘာ (၃၀) ရက် ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၂၆၂) ဦးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၉၄၆) ဦးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ကို စက်တင်ဘာ (၂၈) ရက်က (၈၉၇) ဦး အထိ အများဆုံးတွေ့ရှိခဲ့ပြီးတဲ့နောက် အခုဒီကနေ့ စက်တင်ဘာ (၃၀) ရက် ည (၈) နာရီမှာတော့ လူနာ တစ်ထောင်နီးပါးအထိ စံချိန်သစ်တင် ထပ်တိုးတွေ့ခဲ့ရတာဖြစ်ပါတယ်။ 



ကိုဗစ်လူနာ ရှိ/မရှိကို နာရီပိုင်းအတွင်း အမြန်ဆုံးစစ်ဆေးနိုင်တဲ့ Antigen Test Kit တွေနဲ့ ရန်ကုန်မြို့က ဆေးရုံ (၉) ခုမှာ စက်တင်ဘာ (၂၉) ရက်က စတင် စစ်ဆေးပေးခဲ့ပြီး စစ်ဆေးမှုများတဲ့အတွက် ပိုးတွေ့လူနာတွေလည်း များလာနိုင်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ကလည်း ပြောကြားထားပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းအတွင်းမှာဆိုရင် ပိုးတွေ့လူနာတွေ ထားဖို့ နေရာတွေကိုလည်း တိုင်းအစိုးရနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ည (၈) နာရီထုတ်ပြန်ချက်အရ သေဆုံးသူလူနာကလည်း တစ်ရက်အတွင်း (၂၆) ဦးရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူဟာ လက်ရှိအချိန်အထိ (၃၁၀) ဦးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဒီကနေ့ အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၃၃၇၃ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းသွားသူ ၃၇၅၅ ဦးနဲ့ သေဆုံးသူ ၃၁၀ ဦးရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က