ဆည်မြောင်းဦးစီးဌာနက ဝန်ထမ်းအများစုပါဝင်ပါတယ်။

နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်း(၁၀)ဦးကျော်အထိ ကိုဗစ်၁၉ ရောဂါပိုးကူးစက်ခံထားရပြီး ထိတွေ့ထားတဲ့ ရုံး ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုလည်း ကွာရန်တင်းထားရှိထားတယ်လို့ သိရပါတယ်။ 

ဆည်မြောင်းဌာနဘက်က အရာရှိတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိပြီး သူနဲ့ထိတွေ့ထားတဲ့ ဝန်ထမ်းအယောက် (၃၀)ကျော်ကို ဓာတ်ခွဲစစ်ဆေးရာမှာ (၉)ဦးထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။



“ ဝန်ကြီးဌာနကဆိုတော့ သိတဲ့တိုင်း တစ်ယောက်တွေ့တာနဲ့ ဆက်စပ်မှုရှိသွားတာပါ။ အခု ရုံးဝန်ထမ်းအရာရှိတစ်ဦးမှာ ပိုးတွေ့တော့ ထိစပ်မှု ဝန်ထမ်းတွေကို စစ်တယ် ထပ်တွေ့တယ်။ နောက်ထပ်ရုံးမှာတစ်ယောက်ထပ်ဖျားတယ်။ စစ်တော့ပိုးတွေ့တယ်။ အခုဆို အဲဒီဝန်ကြီးဌာနတစ်ခုတည်းတင် ပိုးတွေ့လူနာဝန်ထမ်း(၁၀)ဦးအထက်မှာရှိပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ လက်ရှိမှာတော့ ဝန်ကြီးဌာနတစ်ခုလုံးရဲ့ ရုံးတက်ရုံးဆင်းပုံစံကို ကျန်မာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျှက်ရှိတယ်လို့လည်းသိရပါတယ်။

“ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့လိုက်လုပ်ပါတယ်။ အခုပိုးတွေ့ဝန်ထမ်းတွေအားလုံးကလည်း ကျန်းမာရေးကောင်းတယ်။ ကွာရန်တင်းဝင်ရောက်နေသူတွေရော ကျန်းမာရေးက အားလုံးကောင်းပါတယ်”လို့ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးတင့်ထွန်းက Duwun ကို ပြောပါတယ်။

ဝန်ကြီးဌာနတစ်ခုလုံးရဲ့ ပိုးတွေ့လူနာ (၁၀)ဦးကျော်မှာ ဆည်မြောင်းဦးစီးဌာနက ဝန်ထမ်းတွေအများစု ပါဝင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ရုံးကို ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း နှစ်ပတ်နား နှစ်ပတ်တက် စနစ်နဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က