ဟင်္သာတမြို့နယ်က ဆွတ်ခူးခဲ့တာပါ။

ဒီကနေ့ အောက်တိုဘာလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ အကြိမ် (၂၀)ကြိမ်မြောက် ထီဖွင့်မှာ အကြီးဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစါသောင်းခွဲဆုကိုတော့ င်္ဟသာမြို့နယ် သုံးခွကျေးရွာက လယ်ယာလုပ်ကိုင်တဲ့ မိသားစုတစ်စုက ဆွတ်ခူးခဲ့ပါတယ်။



ကံထူးရှင် မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဦးမောင်ညွှန့်က ဟင်္သာတမြို့ မင်္ဂလာဆွယ်တော် ထီဆိုင်ကနေ (၂၈)ရက်နေ့က ကံစမ်းထိုးခဲ့တဲ့ ထီလက်မှတ်ကနေ လ-၉၁၄၂၃၇ နံပတ်နဲ့ သိန်းတစ်သောင်းခွဲဆုကြီးကို ကံထူးခဲ့တာ ဖြစ်ပါတယ်။



“ ထီကတော့ အမြဲတမ်းထိုးတယ်။ တစ်ခါမှမပေါက်ဖူးဘူးဗျ၊ ဒါပထမဆုံးပေါက်တာပဲ။ သိသိချင်း ယုံတောင် မယုံသလို အခုလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသေးဘူး။ အရမ်းကိုပျော်ပြီး ရင်တွေတုန်နေတယ်။ နောက်မှပဲ မိသားစုနဲ့ အေးဆေးတိုင်ပင်ပြီး အလှူအတန်းတွေလုပ်ပါမယ်”လို့ ကံထူးရှင် ဦးခင်မောင်ညွန့်က Duwun ကိုပြောပါတယ်။

ကံထူးရှင် မိသားစုက သားသမီးငါးယောက်နဲ့အတူ မိသားစုဝင် (၇)ဦးရှိတယ်လို့ သိရပါတယ်။ လယ်ယာလုပ်ကိုင်စားသောက်တဲ့သူတွေဖြစ်ပြီး ဘဝမှာ အခက်အခဲများစွာ၊ ဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

“ ကျွန်တော်တို့ မိသားစုကတော့ အောက်ခြေလူတန်းစားတွေပဲ။ ခန္ဓာနဲ့ ရင်းပြီး လုပ်ကိုင်စားသောက်နေကြရတာ။ဆင်းရဲတာပေါ့ဗျာ။ ဒုက္ခမျိုးစုံကို ခံစားခဲ့ရတာပေါ့။အခုတော့ ဝမ်းသာနေတဲ့စိတ်နဲ့ ဘာမှမစီစဉ်နိုင်သေးဘူး။ နောက်မှမိသားစုနဲ့ အေးဆေးတိုင်ပင်ပြီး ဘဝတူအခြေခံလူတန်းစားတွေကို အလှူတွေလုပ်သွားမယ်”လို့ ဦးခင်မောင်ညွန့်က ပြောပါတယ်။

ကံထူးရှင် မိသားစုက ဟင်္သာမြို့ မင်္ဂလာဆွယ်တော် ထီဆိုင်ကနေ ကံထူးခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဆွယ်တော် ထီဆိုင်ကလည်း အောင်ဘာလထဖွင့်ပွဲကြီးရဲ့ ပထမအကြိမ်ကနေ အခုအကြိမ် (၂၀)ကြိမ်မြောက်အထိ ကျပ်သိန်းတစ်သောင်းခွဲဆုကို (၂)ခါ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ထီဆိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က