ပိုးတွေ့လူနာ (၇၆၇)ဦးထိ တွေ့ရှိထားတာပါ။

ကိုဗစ် ပထမလှိုင်းမှာလည်း လူနာအများဆုံးတွေ့ရှိထားတဲ့ အင်းစိန်မြို့နယ်က ယခုဒုတိယလှိုင်းမှာလည်း (၇၆၇)ဦးနဲ့ ပိုးတွေ့လူနာ အများဆုံးတွေ့ရှိထားတာလည်း ဖြစ်ပါတယ်။ အင်းစိန်က ကိုဗစ်ဒုတိလှိုင်းမှာ ပိုးတွေ့လူနာ (၄၉)ဦးနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ပိုးတွေ့လူနာအများဆုံးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

“ အခုဆို ကျွန်တော်တို့မြို့နယ်က ပိုးတွေ့လူနာအများဆုံးပဲ။ ပထမလှိုင်းမှာကတည်းက မြို့နယ်အနေနဲ့ တော်တော်လေး ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာပေါ့။ အခုဒုတိယလှိုင်းမှာလည်း စည်းကမ်းတွေကို တင်းကြပ်ထားပေမယ့် ကူးစက်မှုနှုန်းက အရမ်းမြန်တော့ထိန်းရခက်တယ်။ တစ်အိမ်မှာ တစ်ယောက်တွေ့ပြီဆိုတာနဲ့ တစ်မိသားစုလုံးကူးတာဆိုတော့ လူနာအရေအတွက်က တိုးတက်လာတာ”လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။



ဒီကနေ့ အောက်တိုဘာလ(၁)ရက်နေ့ မနက်ပိုင်းအထိ အင်းစိန်က ပိုးတွေ့လူနာ (၇၆၇)ဦးမှာ ဆေးရုံဆင်းခွင့်ရသူ (၇၈)ဦးရှိပြီး သေဆုံးသူက (၅)ဦးရှိပါတယ်။ ပထမလှိုင်းမှာတုန်းက ပိုးတွေ့လူနာအများဆုံးဖြစ်ခဲ့ပေမယ့်လည်း သေဆုံးသူတော့မရှိခဲ့ပါဘူး။

အင်းစိန်က ပိုးတွေ့လူနာ (၇၆၇)ဦးမှာတော့ အင်းစိန်ရွာမကျောင်းတိုက် ဆရာသံဃာတော် (၃၅၄)ပါးတွေ့ရှိမှုကတော့ တစ်နေရာတည်းပိုးတွေ့လူနာအများဆုံးစံချိန်တင်တွေ့ရှိခဲ့တာပါ။ ရန်ကန်တိုင်းဒေသကြီးအတွင်းမှာတော့ပိုးတွေ့လူနာအများဆုံးအဖြစ် အင်းစိန််မြို့နယ်က လူနာ (၇၆၇)ဦးနဲ့ ပထမနေရာမှာရှိနေပြီး ၊ သင်္ကန်းကျွန်းက (၆၄၁)ဦးနဲ့ ဒုတိယနေရာမှာ ရှိနေကာ မြောက်ဥက္ကလာပက (၄၆၉)ဦးနဲ့ တတိယနေရာမှာရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က