သေဆုံးသူအများစုကလည်း ဆီးချို၊သွေးချိုသမားတွေဖြစ်ပါတယ်။

ဆီးချို၊ သွေးချို ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ကိုဗစ်ပိုးကို ပိုဂရုစိုက်ဖို့ လိုအပ်ပြီး ကိုဗစ်ကြောင့်သေဆုံးတဲ့ လူနာအများစုကလည်း သွေးချို၊ဆီးချိုရောဂါအခံရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးက သွေးအချိုဓာတ်ကိုမထိန်းချုပ်နိုင်ပဲ ပိုတက်စေတဲ့အတွက် သွေးချိုသမားကိုဗစ်ရောဂါသည်တွေကို ကုသရာမှာအရေးပါ်ကုသမှုတွေပေးနေရတယ်လို့ ကိုဗစ်အကြောင်း မေးလိုရာမေး အမေး၊အဖြေ ကဏ္ဍမှာ ပါမောက္ခဒေါက်တာ မြင့်ဟန်ကပြောပါတယ်။ 



“ သက်ကြီးပိုင်းတွေအကုန်လုံးကလည်း ကျန်းမာရေးချို့တဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သက်ကြီးပိုင်း ဆီးချို သွေးချိုရောဂါအခံရှိသူတွေကတော့ ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဆီးချိုသွေးချိုရောဂါလည်းရှိတယ် ကိုဗစ်လည်းကူးခံရလို့ဆေးရုံတက်တယ်ဆိုရင် ကိုဗစ်ပိုးကိုက သွေးအချိုဓာတ်ကိုတက်စေတယ်။ ဒီအချက်တွေတွေ့ရှိရတဲ့ အတွက် ရောဂါအခံ သွေးချိုဆီးချိုကိုလည်းမထိန်းနိုင်ဘူးဆိုရင် ဒီလူနာတွေကသေဆုံးဖို့များပါတယ်။ အခုသေဆုံးလူနာအများစုကလည်း အဲဒီလိုပါပဲ”လို့ ဒေါက်တာမြင့်ဟန်က ဆိုပါတယ်။ 

ဆီးချိုသွေးချိူ ရောဂါသမားတွေအပြင် ဆေးလိပ်သောက်တဲ့သူတွေနဲ့ အဆုတ်ရောဂါအခံရှိသူတွေကလည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် အသက်ရှုစက်တပ်ဆင်ရတာတွေလည်းရှိပြီး သေဆုံးမှုတွေထဲမှာလည်း အခုလိုရောဂါသည်တွေပါဝင်တယ်လို့ သိရပါတယ်။

ကိုဗစ်ကြောင့်သေဆုံးလူနာ အများစုက အသက်(၆၀)ကျော် သက်ကြီးရွယ်အိုအများစုပါဝင်ပြီး အားလုံးကလည်း ရောဂါအခံရှိသူတွေဖြစ်ကြပါတယ်။

ဆီးချိုသွေးချိုနဲ့ အဆုတ်ရောဂါအခံရှိသူတွေအနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရပါက ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ အသည်းသန်ကုသမှုတွေလုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည (၈)နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ (၁၄၃၈၃)မှာ သေဆုံးသူ (၃၂၁)ဦးရှိပါတယ်။ ဒီကနေ့ညမှာလည်း ပိုးတွေ့လူနာသစ် (၁၀၁၀)နဲ့ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က