ပြည်သူတွေရဲ့ ပဏာမကျန်းမာရေးစစ်ဆေးဖို့အတွက် အပြင်ဆေးခန်းတွေဖွင့်ဖို့လိုတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ပုဂ္ဂလိကဆေးရုံတွေ ပိတ်ထားတာက ဆေးရုံတွေမှာ လူနာအရေအတွက်ကိုပိုများစေပြီး အချိန်မီကုသမပေးနိုင်တဲ့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

ဒီလိုအချိန်မှာ ဖျားနာလူနာတွေအနေနဲ့ ဆေးရုံသွားရမှာကြောက်ရွံမှုတွေရှိသလို ဆေးခန်းတွေကလည်းပိတ်ထားတဲ့အတွက် အိမ်မှာသာနေထိုင်နေကြပြီး အချိန်လွန်မှ ဆေးရုံရောက်လာတာတွေက ရောဂါပြန့်ပွါးမှုကို ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ဆရာဝန်အသင်းအဖွဲ့မှ ပါမောက္ခတွေကအကြံပြုပြောကြားခဲ့ပါတယ်။



“ ခုချိန်မှာပြည်သူတွေက ကိုဗစ်ကြောင့်ခရီးသွားလာလို့မရသလို အပြင်တောင်ထွက်ဖို့မလွယ်ပါဘူး။ ဒီချိန်မှာ ဆေးရုံဆေးခန်းတွေကလည်းပိတ်တာတွေများနေတယ်။ အခုလိုဆေးရုံဆေးခန်းတွေပိတ်တာက ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းသွားပါတယ်။ ရောဂါအခံရှိတဲ့ ဆီးချိုသွေးချိုသမားတွေက ကျန်းမာရေးစစ်ဆေးမှုတွေပုံမှန်မလုပ်ဖြစ်ဘူး။ အချိန်လွန်မှဆေးရုံရောက်လာတာတွေက ကုသမှုအတွက်အခက်အခဲရှိသလိ၊လူနာအရေအတွက်နဲ့ သေဆုံးမှုတွေလည်းတိုးစေတယ်”လို့ ပါမောက္ခ ဦးစောအောင်တင်ကပြောပါတယ်။

အခုလို အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ပြင်ပ ပုဂ္ဂလိကဆေးခန်းတွေက ပုံမှန်အတိုင်းပြန်လည်ပတ်ဖို့ လိုတယ်လို့ဆိုပါတယ်။

ကိုဗစ်ကူးစက်မှု တွေရှိလာခဲ့ပြီးနောက် ပြင်ပပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေအနေနဲ့ ပိတ်ထားကာ မြို့နယ် Fever Clinic တွေကိုသာ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေဆောင်ရွက်ပေးနေပါတယ်။ 

လက်ရှိမှာ ပြည်သူတွေအနေနဲ့ Fever Clinic နဲ့ ဆေးရုံတွေကို လာရောက်ပြသမှုနည်းပြီး အချိန်လွန်မှ ဆေးရုံတွေကိုရောက်ရှိလာတာတွေရှိတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က