စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာလ ၁ ရက်အထိ ရပ်နားပြီးနောက် ယခု အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းလိုက်တာပါ။

ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများရပ်ဆိုင်းမှုကို အောက်တိုဘာလ (၃၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

"မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် ချမှတ်ထားသောကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို ထိထိရောက်ရောက် လိုက်နာနိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal-3 တွင် ပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေကြောင်းလိုင်းများအားလုံး၏ ပုံမှန်လေကြောင်းခရီးစဉ်များအား (၂-၁၀-၂၀၂၀) မှ (၃၁-၁၀-၂၀၂၀) အထိ ထပ်မံ၍တိုးမြှင့် ရပ်ဆိုင်းထားမည်ဖြစ်ပါသည်" လို့ အဆိုပါထုတ်ပြန်ချက်မှာ ရေးသားဖော်််််ပြထားပါတယ်။



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Facbook စာမျက်နှာကနေ အောက်တိုဘာလ ၁ ရက်နေ့ညက ကြေညာလိုက်တာဖြစ်ပြီး ပြည်တွင်းခရီးစဉ်များ စီစဉ်ထားတဲ့ ခရီးသည်များက ခရီးစဉ်ပြောင်းလဲမှုနဲ့ တခြားအသေးစိတ်အကြောင်းအရာများကို သက်ဆိုင်ရာလေကြောင်းလိုင်းများရဲ့ တရားဝင် Facebook စာမျက်နှာ နဲ့ website များတွင် တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့လည်း ရေးသားဖော်ပြထားပါတယ်။

ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှုများကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ စက်တင်ဘာလ(၁၁)ရက်နေ့က စတင်ပြီး အောက်တိုဘာလ(၁)ရက်နေ့ထိ ယာယီရပ်နားခဲ့တာဖြစ်ပြီး ယခု အောက်တိုဘာ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်နားလိုက်တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က