မဲရုံတစ်ခုကို (၅)ဦးတာဝန်ချထားပေးသွားမှာပါ။
Ei Ei Htun

လာမယ့် ၂၀၂၀ရွေးကောက်ပွဲကာလ တစ်နိုင်ငံလုံးက မဲရုံးတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဆရာ၊ဆရာမ အင်အားတစ်သိန်းကျော်နဲ့ ပါဝင်ကူညီဆောင်ရွက်ပေးမယ်လို့အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

တစ်နိုင်ငံလုံးက မဲရုံပေါင်း (၄)သောင်းကျော်မှာ တာဝန်ချထားပေးမှာဖြစ်ပြီး မဲရုံတစ်ခုကို အနည်းဆုံး ဆရာ၊ဆရာမ (၅)ဦးဆီ တာဝန်ချထားပေးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေအနေနဲ့ကတော့ ရွေးကောက်ပွဲကာလတိုင်း ဝင်ရောက်အင်အားဖြည့်ကူညီပေးနေကျပါ။ ဒီနှစ်က မဲရုံ (၄)သောင်းရှိတယ်ဆိုတော့ အင်အားပိုသုံးရမှာပေါ့။ ပါဝင်ပြီးတာဝန်ထမ်းဆောင်ပေးမယ့် ဆရာ၊ဆရာမတွေအနေနဲ့ကလည်း ကိုဗစ်ကာလမှာ အခုလိုကူညီကြတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အပြင် ဝန်ကြီးဌာနကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတာတွေလုပ်ဆောင်ပေးဖို့ရှိတယ်”လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။

မဲရုံမှာ တာဝန်ထမ်းဆောင်မယ့်သူတွေကိုတော့ အောက်တိုဘာလထဲမှာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း ဆရာ၊ဆရာမ အင်အား တစ်သိန်းကျော်နဲ့ ပါဝင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။

ကိုဗစ်ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက်ကြောင့် လူစုလူဝေးမဖြစ်အောင် မဲရုံးတွေကိုတိုးချဲ့ပြင်ဆင်ထားသလို ပြင်ဆင်ထားတဲ့ မဲရုံအလိုက် လိုအပ်သလို ဆရာ၊ဆရာမတွေနဲ့ အင်အားဖြည့်ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။



Author


က္က