အခြေခံကျန်းမာရေးနဲ့ ဆီလျော်တဲ့ နေပုံထိုင်ပုံကို လေ့ကျင့်ယူဖို့ အတိုင်ပင်ခံ တိုက်တွန်းပြောကြားခဲ့တာပါ။

ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့အခြေခံကျန်းမာရေးကိုသတိထားကြဖို့လိုအပ်ပြီးအခြေခံကျန်းမာရေးကောင်းတာနှင့်အမျှ ကိုဗစ်ရောဂါကို ခံနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ၏ပုဂ္ဂိုလ်က သတိပေး ပြောကြားလိုက်ပါတယ်။

အခြေခံကျန်းမာရေးဆိုတာက အစားအသောက်၊အနေအထိုင်ဆင်ခြင်ဖို့ ဖြစ်ပြီးသိပ်အငန်စားတာတို့၊ အဆီစားတာတို့၊ အချိုစားတာတို့၊ ကိုယ်နဲ့ မတည်တဲ့ဟာတွေ စားတာတွေကိုတတ်နိုင်သမျှ ရှောင်ကျဉ် ရမှာဖြစ်ကာ သစ်သီးဝလံများများစားတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာစသဖြင့်အခြေခံကျန်းမာရေးနဲ့ ဆီလျော်တဲ့ နေပုံထိုင်ပုံကို လေ့ကျင့်ယူဖို့ အတိုင်ပင်ခံ တိုက်တွန်းပြောကြားခဲ့တာပါ။ အောက်တိုဘာ (၂) ရက်က ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။



“ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံကျန်းမာရေးပိုကောင်းလာခြင်းဖြင့် နောင်ကျရင် ကိုယ်ခံအားတွေဟာလည်း ပိုပြီးတော့ ကောင်းလာမှာပဲ။ ရောဂါဖြစ်သည့်တိုင်အောင် ရောဂါဟာ အန္တရာယ်ရှိတဲ့ အခြေအနေကို မရောက်သွားနိုင်အောင်လို့ ကိုယ်ရဲ့အခြေခံကျန်းမာရေးကောင်းခြင်းကထိန်းသိမ်းကာကွယ်ပေးမှာဖြစ်ပါတယ်”လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် ကိုဗစ်ရောဂါပြန့်ပွားမှု အင်မတန် များနေသလို သေဆုံးမှုနှုန်းမြင့်မားနေတာကိုလည်း တွေ့ရပြီး သေဆုံးမှုှုနှုန်းမြင့်တဲ့ အကြောင်းက နိုင်ငံတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် အခြေခံကျန်းမာရေးစနစ်ကောင်းမွန်ပြီး ပြည်သူတွေက အသက်ရှည်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ များပြားပြီး အဆိုပါ သက်ကြီးရွယ်အိုတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့အခါမှာ သေဆုံးမှုများနေတာကို တွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့ပါတယ်။

“သက်ကြီးရွယ်အိုတွေက ကိုဗစ်ရောဂါရတဲ့အခါကျရင် သေဆုံးမှုများတယ်။ အဲဒါတွေ ထည့်တွက်လိုက်တဲ့အခါ အဲဒီနိုင်ငံတွေမှာ သေဆုံးမှုများလာတာကို သတိပြုမိပါတယ်။ ဒါပေမယ့်သူတို့ကရောဂါအခံကြောင့် သေဆုံးမှုပိုပြီးတော့နည်းပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံက ပြည်သူတွေနဲ့စာရင် သူတို့ရဲ့ အခြေခံကျန်းမာရေးကပိုပြီးတော့ ကောင်းတယ်။ အဲဒီတော့ ကျွန်မတို့ အခု ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာဆိုရင် နောက်တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ အခြေခံကျန်းမာရေး အခြေခံကျန်းမာရေးဆိုတာက အစားအသောက်၊ အနေအထိုင် ဆင်ခြင်ဖို့ပါ” လို့ အတိုင်ပင်ခံက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို လက်ခံပြီး မိမိကျန်းမာရေးကောင်းဖို့ဆိုတာ မိမိတစ်ယောက်ပဲ တတ်နိုင်ကြောင်း၊ ဆရာဝန်တွေ ညွန်ကြားထားတဲ့ ဆေးတွေကို စနစ်တကျသောက်သုံးဖို့ လိုကြောင်း၊ နိုင်ငံတော်နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေရဲ့ ကျန်းမာရေးကို အတတ်နိုင်ဆုံးထိန်းသိမ်ေးပးမှာဖြစ်ကြောင်း ၊နောက်ဆုံးမှာ ကိုယ်တိုင်သာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ပြည်သူတွေ မမေ့ဖို့ ဆော်သြလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေကို သတိပေး တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က