ရွှေပြည်သာမြို့နယ်မှ နေအိမ်ကို အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ လော့ဒေါင်း ပြုလုပ်ထားပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ( MPC) ဥက္ကဌ ဦးအုန်းကြိုင် နဲ့ သမီးဖြစ်သူတို့မှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ဒါကြောင့် MPCဥက္ကဌ နေထိုင်တဲ့ ရွှေပြည်သာ မြို့နယ်ကနေအိမ်ကို အောက်တိုဘာလ၂ ရက်နေ့ ညနေပိုင်းမှာ လော့ဒေါင်း ပြုလုပ်ထားပြီဖြစ်တယ်လို့သိရပါတယ်။ "ဆရာကြီးဦးအုန်းကြိုင် နဲ့သူ့သမီး ပိုးတွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်းပြောတယ် ဦးအုန်းကြိုင် ၉၁နှစ်နဲ့ သူ့သမီးပိုးတွေ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီက သူနာပြုဆရာမကလာပြောတယ်။ အိမ်ကို လော့ဒေါင်းချလိုက်တယ်ပြောတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက လာခေါ်သွားတယ်လို့သိရတယ်"လို့ မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်မှ ဒု-ဥက္ကဌ ဖြစ်သူ ဦးမြင့်ဦးကပြောပါတယ်။



လက်ရှိမှာတော့ MPC ဥက္ကဋ္ဌတို့ နှစ်ဦးလုံး ဟာ မင်္ဂလာဒုံ မြို့နယ်က တပ်မတော် အသည်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး MPC အတွင်းရေးမှူး ဦးကျော်စွာမင်းက "ဆရာဦးအုန်းကြိုင် ကိုဗစ်ကူးစက်ခံရတာဟုတ်တယ် ၊တပ်မတော်အသည်းဆေးရုံကြီးမှာကုသမှုခံယူနေတယ်။ ဒီမနက်ဆက်သွယ်မှုအရကျန်းမာရေးကောင်းတယ်။လောလောဆယ် ဒီလောက်ပဲပြောလို့ရတယ်။နေမကောင်း လို့ဆေးရုံတက်နေတာသိတယ်။ ဒီမနက် ကွန်ဖန်းလုပ်ကြည့်တော့ ကူးစက်ခံရတာသိတယ်။ MPC နဲ့ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိတို့ပြုလုပ်မယ့် ဆွေးနွေးပွဲကိုနောက်တစ်ပတ် စနေကိုရွှေ့ထားတယ်။ UEC က လုပ်ငန်းစဉ်တွေ မအားလပ်လို့သူတို့ဘက်ကအကြောင်းပြတာပါဒီအစီအစဉ်ကပျက်မသွားဘူး။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သုံးရက်လောက်ထဲက MPCဥက္ကဋ္ဌ ကို ဆေးကုသမှုပေးရန် တပ်မတော်ဘက်က ယာဉ်တစ်စီးကလာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊နောက်ရက်မှာ မိသားစုဝင်တွေကိုလာရောက်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်က အသင်းဝင်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က