ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာ နိုင်ငံရေးပါတီတစ်ချို့အနေနဲ့ ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ တင်ပြမှုတွေရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ကိုဗစ်ကြောင့်ရွေးကောက်ပွဲရွှေ့ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောဆိုလိုက်တဲ့ အပေါ်မှာ စိတ်ပျက်မိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

ဒီလိုအချိန်မှာ အစိုးရအနေနဲ့ ဆေးရုံတွေနဲ့ မဲရုံ ပိုဟာပိုအရေးကြီးလဲဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်လို့ ဦးခင်ရီက USDP Facebook စာမျက်နှာကတဆင့်ပြောကြားခဲ့တာပါ။ 



“အခုကိုဗစ် ဒုတိယလှိုင်းက ပထမလှိုင်းထက် ပိုပြင်းထန်နေတဲ့အချိန်ဆိုတော့ ကိုဗစ်တားဆီးကာကွယ်ရေးက ပိုပြီးအရေးကြီးပါတယ်။ဒါကလည်း အမျိုးသားရေးတာဝန်တစ်ခုဖြစ်တယ်။ ဒီလိုအခြေအနေမှာ ကိုဗစ်ကြောင့် ရွေးကောက်ပွဲရွှေ့ဖို့မဖြစ်ဘူးဆိုတာကိုတော့ ကျွန်တော်စိတ်ပျက်တယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်”လို့ ဦးခင်ရီကပြောပါတယ်။

ကိုဗစ်ကာလမှာရွေးကောက်ပွဲကာလကို ဒီဇင်ဘာလကုန်ထိရွှေ့ပေးဖို့ နိုင်ငံရေးပါတီတွေက တင်ပြတောင်းဆိုခဲ့ကြပေမယ့် ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်အတိုင်း ကျင်းပမှာဖြစ်တယ်လို့ပြောပါတယ်။ ရွေးကောက်ပွဲမရွှေ့ပေးပေမယ့်လည်း နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားတယ်လို့ ဦးခင်ရီကပြောပါတယ်။

လာမယ့် ၂၀၂၀အထွေထွေရွေးကာက်ပွဲ ကျင်းပဖို့အတွက် ရက်ပေါင်း (၄၀)နီးပါးသာ လိုအပ်တော့တာဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာ ရွေးကောက်ပွဲကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ကျင်းပသွားမှာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် မဲရုံတွေမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် မဲရုံတွေကို တိုးချဲ့ပြင်ဆင်ထားပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း (၄)သောင်းကျော်နဲ့ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က