တိုင်းအစိုးရအနေနဲ့ကလည်း lockdown လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ကိုဗစ်-၁၉ လူနာအများဆုံးတွေ့ရှိထားတဲ့ ရန်ကုန်မြို့ကို လတ်တေလောကာလမှာ lockdown လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

တနင်္လာနေ့ကစပြီး ရန်ကုန်ကို Lock Down ပြုလုပ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။



“COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရန်ကုန်ကို Complete Lockdown လုပ်ဖို့ မရှိသေးပါဘူး။ ယခင် ထုတ်ပြန်ထားတဲ့အတိုင်း Strictly Stay Home ကိုပဲ ကြပ်ကြပ်မတ်မတ် လိုက်နာ ဆောင်ရွက်ခိုင်းထားပါတယ်”လို့ ဦးဇော်ဌေးက နေပြည်တော်သမ္မတရုံးအိမ်တော်သတင်းထောက်တစ်ဦးရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

တနင်္လာနေ့ကစပြီး အနည်းဆုံး (၁၀)ရက်အထိ ရန်ကုန်ကို Lock Down လုပ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ဒီကနေ့ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ကလည်း စီစဉ်ဆောင်ရွက်ထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ 

ရောဂါကူးစက်မှု များနေတဲ့ ရန်ကုန်ကို စက်တင်ဘာလ(၂၁)ရက်နေ့ကပြီး နှစ်ပတ်ကာလ Stay at Home သတ်မှတ်ထားတာပါ။ Stay at Home သတ်မှတ်ထားတဲ့ ကာလအတွင်းမှာလည်း လူနာဦးရေက ဆက်လက်မြင့်တက်နေတာကြောင့် lockdown ပြုလုပ်မယ်ဆိုတဲ့ ကောလဟလသတင်းတွေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ကလည်း ရန်ကုန်မှာ Stay at Home သတ်မှတ်ထားတဲ့ နှစ်ပတ်အတွင်းကတော့ လူနာဦးရေတိုးနေဦးမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ထိန်းချုပ်လာနိုင်မယ်လို့လည်း ခန့်မှန်းထားတာပါ။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးက ပိုးတွေ့လူနာ (၁၅,၅၂၅)ဦးမှာတော့ ရန်ကုန်က (၁၁,၉၃၉) ဦးအထိ ပါဝင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က