တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးအတွင်းမှာ ကိုဗစ်လူနာ (၂၅၀)လောက်ကိုထားရှိကုသနိုင်ဖို့အတွက် ကိုဗစ်စင်တာတစ်ခုထားရှိရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲသာဖြစ်ပြီး အကောင်အထည်ဖော်ခဲ့ပါက အဆောက်အဦမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ အောက်စီဂျင်စက် တပ်ဆင်တာတွေကအစ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။



“ ဆေးရုံတစ်ခုလုံးကိုတော့ မလုပ်ပါဘူး။ လူ (၂၅၀)လောက်ဆံ့မယ် အဆောက်အဦတစ်ခုကိုပဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဓိက ကိုဗစ်လူနာတွေထဲမှာပြင်းထန်တဲ့လူနာတွေများလာတဲ့အတွက် အရေးပေါ်ကုသမှုပေးနိုင်အောင်လုပ်တဲ့သဘောပါ”လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိရန်ကုန်ဆေးရုံကြီးမှာလည်း ကိုဗစ်လူနာတွေကို ထားရှိကုသပေးနေပေးနေပေမယ့် ပြင်းထန်လူနာတွေများလာတဲ့အတွက် အရေးပေါ်ကုသနိုင်ရန် ကိုဗစ်စင်တာတစ်ခု လုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ အောက်တိုဘာလ (၁)ရက်နေ့ကလည်း ရန်ကုန်ဆေးရုံကြီးက positiveလူနာ (၅၀)ဦးခန့်ကိုလည်း ညတွင်းချင်းဖောင်ကြီးကိုဗစ်ကုသရေးစင်တာကို အရေးပေါ်ပြောင်းရွေ့မှုတွေလည်းလုပ်ဆောင်ခဲ့ပါသေးတယ်။

လက်ရှိရန်ကုန်က ကိုဗစ်လူနာအများဆုံးကူးစက်ခံထားရတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လူနာအရေအတွက်များလာတဲ့အတွက် ဆေးရုံနေရာအခက်အခဲရှိလာနေပြီး ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်ထားမှုတွေလည်းရှိနေပါတယ်။ ရန်ကုန်ဆေးရုံကြီးအတွင်းမှာ ပြင်ဆင်ထားရှိမယ့် ကိုဗစ်စင်တာကိုလည်း လိုအပ်လာတဲ့အခါအသုံးပြုလို့ရအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က