တာဝန်ရှိသူဝန်ထမ်း အများဆုံး (၅) ဦးအထိသာ QR Pass ထုတ်ပေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

Stay at Home ကာလအတွင်း ဖွင့်လှစ်လည်ပတ်ဖို့ ခွင့်မပြုထားတဲ့ စက်ရုံအလုပ်ရုံတွေ၊ကုမ္ပဏီလုပ်ငန်းတွေက ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို လုပ်ခလစာပေးနိုင်ဖို့ အတွက် Payroll Processing QR Pass တွေ ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

Payroll Processing QR Pass တွေကို လုပ်ခလစာထုတ်ပေးဖို့ လိုအပ်တဲ့ ဘယ်လုပ်ငန်းအမျိုးအစားမဆိုအွန်လိုင်းကတစ်ဆင့် မှတ်ပုံတင်နိုင်ပြီး တာဝန်ရှိသူဝန်ထမ်း အများဆုံး (၅) ဦးအထိသာ QR Pass ထုတ်ပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မှတ်ပုံတင်မယ့်သူတွေအနေနဲ့ https://QRpass.SawSawShar.gov.mm ကိုဝင်ရောက်မှတ်ပုံတင်ရမှာဖြစ်ပြီး ယခင် QR Pass ရထားသူတွေအနေနဲ့ လျှောက်ထားဖို့ မလိုအပ်ဘူးလို့လည်းသိရပါတယ်။



ဓာတ်ပုံ- စက်တင်ဘာ (၂၈) ရက်က ရန်ကုန်မြို့တွင်းသွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးနေစဉ်

အခုထုတ်ပေးမယ့် Payroll Processing QR Pass အစီအစဉ်ဟာ လစာထုတ်ဖို့ အတွက် လစာတွက်ချက်မှုအပါအဝင် လိုအပ်တဲ့ပြင်ဆင်မှုတွေ ကြိုတင်ဆောင်ရွက်နိုင်ဖို့အတွက်သာ ထုတ်ပေးတာဖြစ်တယ်လို့လည်း (UMFCCI) က ကြေညာထားပါတယ်။

“ အဓိကကတော့ လစာထုတ်ဖို့ အဆင်ပြေနိုင်အောင်အတွက် ရန်ကုန်ုတိုင်းအစိုးရနဲ့ (UMFCCI) တို့ ပူးပေါင်းဆောင်ရွက်တာပါ။ ၆ ရက်နဲ့ ၇ ရက်မှာ စက်ရုံ၊အလုပ်ရုံတွေသွားပြီး လစာကိစ္စတွေ ဆောင်ရွက်ပြီး ၈ ရက်နေ့မှာ လစာပေးနိုင်အောင်လို့ပါ” လို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒု-ဥက္ကဌ ဒေါက်တာမောင်မောင်လေးက Duwun ကို ပြောပါတယ်။

လစာထုတ်ဖို့ လုပ်ငန်းများ ဆောင်ရွက်မယ့် ဝန်ထမ်းတွေအနေနဲ့ QR Pass လျှောက်ထားလိုပါက အောက်တိုဘာလ(၄) ရက်နဲ့ (၅) နေ့မှာ မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး Payroll Processing QR Pass ရရှိပြီးပါက အောက်တိုဘာ (၆)ရက်နဲ့ (၇) ရက်တွေမှာ သက်ဆိုင်ရာ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနတွေကို သွားရောက်နိုင်မှာဖြစ်ပါတယ်။

QR Pass အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ Payroll Processing ကိုရွေးချယ်ရာမှဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင် (သို့) သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ အသိအမှတ်ပြုထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ကို ပူးတွဲတင်ပြရမယ်လို့လည်း သိရပါတယ်။

ဖော်ပြထားတဲ့ လုပ်ငန်းလိုင်စင်တစ်မျိုးမျိုးကို ပူးတွဲတင်ပြနိုင်ခြင်းမရှိပါက ခွင့်ပြုချက်ကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒါကြောင့်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိခဲ့ပါကလည်း ဖုန်းနံပါတ် ၀၉-၆၉၄၈၂၀၂၄၄၊၀၉-၄၀၂၇၉၀၇၄၄ နဲ့ ၀၉-၆၇၇၇၂၇၄၀ ကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ Stay Home ကာလအတွင်း မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းအမျိုးအစား ၂၇ ခုကို သာ (QR Pass) ထုတ်ပေးပြီးသွားလာခွင့်ပြုထားတာဖြစ်ပြီး အခြားလုပ်ငန်းတွေကတော့ တိုင်းအစိုးရရဲ့ ခွင့်ပြု ချက်ရမှသာ QR Code ထုတ်ပေးမယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က