ကုန်တင်ယာဉ်မောင်း (၇၀၀) ကျော်အနက် (၈) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် အဝင်ဂိတ်မှာ အောက်တိုဘာ (၁) ရက်နဲ့ (၂) ရက်အတွင်း ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို Test Kit တွေနဲ့ ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးပေးခဲ့ရာ ကုန်တင်ယာဉ်သမား (၇၀၀) ကျော်အနက် (၈) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကိုဗစ်-၁၉ ပိုးရှိ/မရှိ အမြန်သိနိုင်မယ့် Test Kit တွေနဲ အောက်တိုဘာ (၁) ရက်မှာ (၆၇၀) ဦး၊ အောက်တိုဘာ (၂) ရက်မှာ (၄၇) ဦးနဲ့ စုစုပေါင်း (၇၁၇) ဦးကို စစ်ဆေးခဲ့ရာမှာ (၈) ဦးက Positive အဖြေထွက်ခဲ့ပြီး အဆိုပါပိုးတွေ့ (၈) ဦးကို နေပြည်တော် ကုတင် (၃၀၀)ဆံ ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်လို့လည်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါက်တာမျိုးစုကြည်က Duwun ကို ပြောပါတယ်။



နေပြည်တော်ကို ဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေအနေနဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးတို့မှာ ကိုဗစ်ရောဂါစစ်ဆေးချက် Negative အဖြေထွက်ကြောင်း ထောက်ခံချက်ပါဝင်မှာ ဝင်ခွင့်ပြုတော့မယ်လို့ ကြေညာလိုက်တဲ့အတွက် အောက်တိုဘာ လ (၁) ရက်နေ့က အဝင်ဂိတ်မှာ ကားတွေ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေခဲ့တာပါ။ ဒါကြောင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ယာဉ်ကြောအမြန်ပွင့်အောင် ဝင်လာတဲ့ ယာဉ်တွေကို ပိုးရှိ/မရှိ မိနစ်ပိုင်းအတွင်း အမြန်သိနိုင်တဲ့ Rapid Test Kit တွေနဲ့ စစ်ဆေးပေးခဲ့တာလည်းဖြစ်တယ်လို့လည်းသိရပါတယ်။

“ စတဲ့နေ့မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်တော့ ယာဉ်ကြော အမြန်ပွင့်အောင် ကျွန်မတို့ စစ်ပေးလိုက်တယ်။ နှစ်ရက်ပေါင်းကိုတော့ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက် ၇၀၀ ကျော်ကို စစ်ပေးတာ (၈) ဦးပိုးတွေ့တာပါ”လို့ ဒေါက်တာ မျိုးစုကြည်က ပြောပါတယ်။

အဆိုပါ Rapid Test Kit တွေနဲ့စစ်ဆေးမှုတွေကို အောက်တိုဘာ (၁) ရက်နဲ့ (၂) ရက်အတွင်းဝင်လာတဲ့ ကုန်တင်ယာဉ်တွေကို သာစစ်ဆေးပေးတာဖြစ်ပြီး နောက်ရက်ကစပြီး နေပြည်တော်ကို ဝင်လာတဲ့သူတွေအနေနဲ့ ကျန်းမာရေးထောက်ခံချက် မပါရှိပါက (၃) ရက်ကွာရန်တင်းဝင်ကာ ပိုးရှိ၊မရှိ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က